Connect with us

Europe

တူရကီတွင် ကျင်းပမည့် ချစ်ကြည်ရေးဘောလုံးပွဲသို့ ရုရှားသမ္မတ ပူတင် သွားရောက် ကြည့်ရှုမည်

တူရကီသမ္မတ Erdogan နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ တွေ့ဆုံနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

အန်ကာရာ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားအသင်း နှင့် တူရကီအသင်း တို့ယှဉ်ပြိုင်ကစားမည့် ချစ်ကြည်ရေး ဘောလုံးပွဲ အား တက်ရောက် ကြည့်ရှုရန်အတွက် သြဂုတ် ၃၁ ရက်တွင် တူရကီနိုင်ငံ တောင်ပိုင်း အန်တယ်ရာမြို့ သို့ သွားရောက်မည်ဖြစ်ကြောင်း Dogan သတင်းဋ္ဌာန က သြဂုတ် ၂၃ ရက်က ဖော်ပြခဲ့သည်။

တူရကီသမ္မတ Erdogan လည်း အဆိုပါ ဘောလုံးပွဲသို့တက်ရောက်ကြည့်ရှုမည်ဖြစ်ကြောင်း Dogan ကပြောကြားခဲ့သည်။
တူရကီနိုင်ငံသည် ၂၀၁၅ခုနှစ် နိုဝင်ဘာလက ရုရှားလေယာဉ် တစ်စီးအား ပစ်ချခဲ့ရာမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားခဲ့သည်ကို ပြန်လည်ပြုပြင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အကြို ချစ်ကြည်ရေး ဘောလုံးပွဲ တစ်ပွဲ ကစားရန် တူရကီနိုင်ငံက ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အနေဖြင့် ရုရှားနိုင်ငံအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
နှစ်နိုင်ငံ သည် ပြီးခဲ့သည့်လ ကတည်းက ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့ပြီး တူရကီသမ္မတ Erdogan ရုရှားနိုင်ငံသို့ သြဂုတ်လ အစောပိုင်းတွင် လာရောက်လည်ပတ်ခဲ့သည့်နောက်ပိုင်း ဆက်ဆံရေးပိုမိုတိုးတက်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.