Europe
ဂျာမနီ အရှေ့တောင်ပိုင်းတွင် ရထားနှစ်စီး တိုက်မိမှုကြောင့် သေဆုံးဒဏ်ရာရမှုများရှိ

ဘာလင်၊ မေလ ၈ ရက်(ဆင်ဟွာ)
ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း အာချဒ်(Aichach)မြို့ မီးရထားဘူတာအနီးတွင် မေလ ၇ ရက်နေ့ က ရထားနှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူအမြောက်အမြားရှိခဲ့ကြောင်း သိရှိရသည်။
မေလ ၇ ရက် ဒေသစံတော်ချိန် ၂၁ နာရီ ၂၀ မိနစ် ဝန်းကျင်က အာချဒ်(Aichach)မြို့ မီးရထား ဘူတာအနီးတွင် ကုန်တင်ရထားတစ်စီးနှင့်ခရီးသည်တင် ရထားတစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ၊ ကယ်ဆယ်ရေးသမားများက အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ပြီး ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ လက်ရှိ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ဒေသခံမီဒီယာများက ရေးသားထားသည်။ (Xinhua)