Connect with us

Europe

စပိန်တွင် ဂလိုက်ဒါပျက်ကျမှုကြောင့် တစ်ဦးသေဆုံး

စပိန်နိုင်ငံမှ ဂလိုက်ဒါတစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ အလယ်ပိုင်း Segovia မြို့ အနီးရှိ Fuentemilanos လေယာဉ်ကွင်း ၌ ဒီဇင်ဘာ ၈ရက်က ဂလိုက်ဒါ ၂စီး တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းအရေးပေါ်ဌာနက ဖော်ပြခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် ဒေသစံတော်ချိန် ၁၆း၂၀နာရီတွင် ဖြစ်ပွားခဲ့ပြီး မြေပြင်သို့ ဆင်းသက်ရန် ပျံသန်းလာသည့် ဂလိုက်ဒါတစ်စင်း နှင့် ပြေးလမ်းအဆုံး၌ ပျံတက်ရန် စောင့်ဆိုင်းနေသည့် အခြား ဂလိုက်ဒါတစ်စင်းတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပထမဂလိုက်ဒါသည် မြေပြင်သို့ ချဉ်းကပ်လာစဉ် ရုတ်တရက် ပြုတ်ကျပြီး ထိုအချိန်တွင် အပြင်၌ မတ်တတ်ရပ်နေသော ဒုတိယ ဂလိုက်ဒါမှ မောင်းနှင်သူအား ၎င်း၏ တောင်ပံနှင့်ရိုက်မိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ အရေးပေါ်ဝန်ထမ်းများအလျင်အမြန်ရောက်ရှိလာခဲ့သော်လည်း ဂလိုက်ဒါ နှင့် ရိုက်မိခဲ့သော ဒုတိယဂလိုက်ဒါယာဉ်မှူးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ၌ ၂ရက်အတွင်း ဖြစ်ပွားခဲ့သော ဒုတိယမြောက်လေကြောင်းမတော်တဆမှုဖြစ်ပြီး စပိန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၇ရက် ညနေပိုင်းက လေယာဉ်တစ်စီးပျက်ကျမှုကြောင့် လူ ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.