Connect with us

Europe

စတုတ္ထအကြိမ်မြောက် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပ

စတုတ္ထအကြိမ်မြောက် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ဖိုရမ် ကျင်းပနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ဖိုရမ်ကို ဒီဇင်ဘာ ၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟူချွန်းဟွာ(Hu Chunhua)၊ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် ဟောင်း အနာဂတ်ဖန်တီးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Raffarin၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဟိုက်ဒရား၊ ဆားဘီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ၊(၆၇)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ၊နိုင်ငံတကာဆက်ဆံရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ ဌာန ညွှန်ကြားရေးမှူး Vuk Jeremiနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူး လီဝေ(Li Wei)တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် ပိုးလမ်းမကြီးဆိုင်ရာ နိုင်ငံတကာဖိုရမ်သည် ခေတ်သစ်ပိုးလမ်းမကြီး အဆိုပြုသည့် ၅ နှစ်ပြည့်ကာလတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၅ နှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီးအဆိုပြုချက်ကို နိုင်ငံနှင့်နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ပူးပေါင်းပါဝင်ထောက်ခံခဲ့ကြရာ ကမ္ဘာ့စီးပွားရေးစီမံမှုစနစ်အတွက် အကျိုးသက်ရောက်မှုများစွာ ဖြစ်ထွန်းခဲ့သည်။ ဆွေးနွေးပွဲဖိုရမ်တွင် ပါဝင်တက်ရောက်သူကိုယ်စားလှယ်များက ၅ နှစ်အတွင်း ဆောင်ရွက်သည့် အောင်မြင်မှုရလဒ်များကို ပြောကြားခဲ့ပြီး အနာဂတ်ကာလတွင် ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအကြံပြုချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ဖိုရမ်ကို ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်များတွင် တူရကီနိုင်ငံ အစ္စတန်ဘူလ် ၊ စပိန်နိုင်ငံ မက်ဒရစ် နှင့် ပိုလန်နိုင်ငံ ဝါဆောမြို့တို့တွင် အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117