Connect with us

Europe

တရုတ် ကွန်မြူနစ်ပါတီ အဆင့်မြင့် အရာရှိ ဂရိသို့ ရောက်ရှိ

တရုတ်နိုင်ငံနှင့် ဂရိနိုင်ငံတို့ကြား သဘောတူလက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဟဲရတ်လီယွန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ အဆင့်မြင့် အရာရှိ လျူ ယွန်းရှန် (Liu Yunshan) သည် ဂရိနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၊ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် တစ်ဦး ဖြစ်သူ လျူသည် ဂရိနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေးရန် ဂရိခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိသလို ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၌ ပါဝင် တက်ရောက်သွားမည် ဖြစ်သည်။

လျူ၏ ခရီးစဉ်သည် တရုတ်-ဂရိ ကျယ်ပြန့်လှသော မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း ၁၀ နှစ်ပြည့်မြောက်သည့်နှစ်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ လက်ရှိနှစ်များအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ အနောက်ခြမ်းနှင့် အရှေ့ခြမ်း၏ အချက်အခြာကျသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကိုလည်း ဂရိနိုင်ငံက ချီးကျူး ပြောကြားလိုက်သည်။ ထို့ပြင် Piraeus ဆိပ်ကမ်း စီမံကိန်းအား တရုတ်-ဂရိ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရအဖြစ် မြင်တွေ့နိုင်မည် ဖြစ်သည်။

အဆိုပါ ဆိပ်ကမ်းကို မြေထဲပင်လယ်အတွင်း ကွန်တိန်နာများ ဝင်ထွက်နိုင်သည့် အကြီးဆုံး ဆိပ်ကမ်း အဖြစ်နှင့် ကုန်း-ရေ သယ်ယူပို့ဆောင်ရေး ခြေကုပ်တစ်ခုအဖြစ် တည်ဆောက်ရန် ပူးတွဲလုပ်ဆောင်နေကြောင်း သိရသည်။

လျူ၏ ဂရိ ခရီးစဉ်သည် ဂရိ ဝန်ကြီးချုပ် အဲလက်ဆီ စီးပရက်စ် တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ် လာရောက်ပြီး သုံးလအကြာ၌ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

လျူသည် မွန်ဂိုးလီးယားနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီးနောက် ဂရိသို့ ရောက်ရှိခြင်း ဖြစ်သည်။ သုံးနိုင်ငံ အာရှ-ဥရောပ ခရီးစဉ်အဖြစ် သွားရောက်နေသည့် လျူသည် ဟန်ဂေရီနိုင်ငံသို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.