Connect with us

Europe

၂၀၁၆ ခုနှစ် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ဂျပန် ဇီဝဗေဒပညာရှင် ရရှိ

၂၀၁၆ ခုနှစ် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုအား ဂျပန် ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆုမိရရှိကြောင်း အောက်တိုဘာလ ၃ ရက်က ကြေညာစဉ် (ဆင်ဟွာ)

စတော့ခ်ဟိုးမ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဂျပန်လူမျိုး ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi) က ရရှိခဲ့ကြောင်း အောက်တိုဘာလ ၃ ရက်တွင် ဆုရွေးချယ်ရေး ကော်မတီက ကြေညာလိုက်သည်။

ဂျပန်လူမျိုး ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆုမိက ခန္ဓာကိုယ်တွင်း ဆဲလ်အစိတ်အပိုင်းများ သဘာဝအလျှောက် ပျက်စီးကာ ဆဲလ်အသစ်များ ပြန်လည် ဖြစ်ပေါ်ခြင်းဟူသော Autophagy ၏ ဖြစ်စဉ်အား ရှာဖွေတွေ့ရှိခဲ့သည့် အတွက် ယခုလို နိုဘယ်လ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်သည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ပေါ်ထွန်းလာခဲ့သော်လည်း အဆိုပါ သဘာဝဖြစ်စဉ်မှာ လေ့လာရန် ခက်ခဲသောကြောင့် ယနေ့ထိတိုင် သိရှိသူ အနည်းငယ်သာ ရှိကြောင်း သိရသည်။

အိုဆုမိ၏ တွေ့ရှိချက်သည် ဆဲလ်များ အနေဖြင့် ၎င်းတို့ကိုယ်တိုင် မည်သို့ ပြန်လည် အသုံးပြု လုပ်ကိုင်သည်ကို နားလည်သဘောပေါက်စေရန်အတွက် စံနမူနာသစ် တစ်ခု ဖြစ်စေမည် ဖြစ်သည်။ ထို့ပြင် ယခု တွေ့ရှိချက်သည် ဇီဝကမ္မဗေဒဆိုင်ရာ ဖြစ်စဉ်များစွာ၌ အရေးပါသည့် Autophagy ၏ အခြေခံ အရေးပါမှုအား နားလည် သဘောပေါက်စေရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

Autophagy တွင် မျိုးဗီဇ သန္ဓေပြောင်းလဲမှုကြောင့် ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အပါအဝင် ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိုဆုမိအား ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံ ဖူကူအိုကာတွင် မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် တိုကျို တက္ကသိုလ်မှ Ph.D ဘွဲ့ရရှိခဲ့သည်။ လက်ရှိတွင် အိုဆုမိသည် တိုကျို နည်းပညာ တက္ကသိုလ်၌ ပရော်ဖက်ဆာအဖြစ် လုပ်ကိုင်လျက်ရှိသည်။

အိုဆုမိနိုဘယ်လ်ဆု ရရှိကြောင်း ကြေညာပြီးနောက် ဆုကြေးငွေသည် ဆွီဒင်ငွေ ၈ သန်း (အမေရိကန် ဒေါ်လာ ဝ.၉၄ သန်း) ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.