Connect with us

Europe

တူရကီနိုင်ငံ တွင် ဗုံးပေါက်ကွဲမှု ကြောင့် ၂၉ဦးသေဆုံး

အစ္စတန်ဘူလ်မြို့ တွင်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ/Reuters)

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အလယ်ပိုင်းတွင် ဒီဇင်ဘာ ၁၀ရက် ညက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၇ဦး နှင့် ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၆၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင်းတာဝန်ရှိသူများ က ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး Suleyman Solyu က Besiktas ခရိုင် ရှိ အားကစားရုံ အနီးတွင် ကင်းလှည့် နေသည့် ရဲတပ်ဖွဲ့ဝင်များ ကို ပစ်မှတ်ထား မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးက ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ပေါက်ကွဲမှု မဖြစ်ပွားခင် တစ်နာရီခွဲအလို၌ ဘောလုံးပွဲပြီးဆုံးခဲ့ကြောင်း အစ္စတန်ဘူလ်မြို့ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က အားကစားရုံအတွင်းမှ ဘောလုံးပွဲပရိသတ်များ ထွက်ခွာသွားပြီး မကြာမီ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီး ၄၅စက္ကန့်အကြာတွင် အားကစားရုံးအနီး ရှိ Macka ပန်းခြံ၌ အမျိုးသားတစ်ဦးက အသေခံဗုံးဖောက်ခွဲခဲ့ကြောင်း နှင့် သံသယရှိသူ ၁၀ဦးအား ထိန်းသိမ်းထားကြောင်း Solyu ကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ သုံးဦးမှာ အခြေအနေစိုးရိမ်ရပြီး အခြား ၁၇ဦးမှာ ခွဲစိတ်ခန်းဝင်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Recep Akdag ကပြောကြားခဲ့သည်။

နောက်ပိုင်းတွင် တတိယမြောက်ပေါက်ကွဲသံအား ဒေသခံများက ကြားခဲ့ပြီး အခင်းဖြစ်ပွားရာ အနီးရှိ သံသယဝင်ဖွယ် ကားတစ်စီးပေါက်ကွဲခြင်းဖြစ်ကြောင်း နှင့် အစိုးရရှေ့နေ ၆ဦးက ယင်းတိုက်ခိုက်မှုများအား စုံစမ်းစစ်ဆေးနေကြောင်း သတင်းမီဒီယာများက ပြောကြားခဲ့သည်။

တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့ နှင့် မြို့တော် အန်ကာရာမြို့တို့တွင် လုံခြုံရေး အခြေအနေများ စိုးရွားလာကာ လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း လူသေဆုံးမှုဖြစ်ပွားစေသည့် တိုက်ခိုက်မှုများများပြားလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.