Connect with us

Europe

ထရမ့်ဆန့်ကျင်ဆန္ဒပြပွဲများကြောင့် အမေရိကန်သို့ ခရီးသွားလာမှုအား တူရကီ သတိပေး

အမေရိကန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ထရမ့်ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အမေရိကန်နိုင်ငံတွင် သမ္မတအဖြစ်ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့် အား ဆန္ဒပြရန် လမ်းများပေါ်၌ ထောင်ပေါင်းများစွာသော အမေရိကန်နိုင်ငံသားများ နေရာယူထားခဲ့သည်မှာ လေးရက်မြောက်ရှိပြီဖြစ်သည့်အတွက် တူရကီနိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီးသွားလာမှုအား နိုဝင်ဘာ ၁၂ရက်က သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဝန်ကြီးဋ္ဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံရှိ မြို့များတွင် ပြုလုပ်နေသည့် ဆန္ဒပြပွဲများ၏ အဝေးတွင် နေရန် တူရကီနိုင်ငံသားများအား သတိပေးထားပြီး ၎င်းတို့ အိမ်နှင့် ရုံးများတွင် လိုအပ်သည့် အကာအကွယ်များယူထားရန် နှင့် တိုက်ခိုက်မှု (သို့) လူမျိုးရေးခွဲခြားမှုဆိုင်ရာ အနိုင်ကျင့်မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက လုံခြုံရေးအရာရှိများထံ အလျင်အမြန်အကြောင်းကြားရန် သတိပေးထားကြောင်း သိရသည်။အဆိုပါ ထုတ်ပြန်ချက်၌ ထရမ့်ဆန့်ကျင်သည့်ဆန္ဒပြပွဲများသည် တစ်ခါတစ်ရံ ပြစ်မှု (သို့) ပဋိပက္ခပုံစံ အသွင်ဆောင်လျက်ရှိပြီး ဆန္ဒပြသူများ၏ လူမှုကွန်ရက်များတွင် ရေးသားထားသည့် စာများကို အခြေခံ၍ ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ကို ရှင်းလင်းစွာသိရကြောင်း ပါရှိသည်။

အဆိုပါ သတိပေးချက်အား နယူးယောက်မြို့၊ ချီကာဂိုမြို့၊ ဖီလာဒယ်ဖီရာမြို့၊ မီယာမီမြို့ လော့စ်အန်ဂျလိစ်မြို့၊ ဆီရက်တယ်မြို့၊အော့ကလန်မြို့ နှင့် ပေါ့ထ်လန်မြို့တို့အတွက် အဓိကထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာလက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အတွင်းရှိ ကောင်စစ်ဝန်ရုံးဝန်ထမ်းများ၏ မိသားစုဝင်များအား အမေရိကန်နိုင်ငံသားများအား ခြိမ်းခြောက်မှုများရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် တူရကီနိုင်ငံမှ ထွက်ခွာလာရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ တူရကီနိုင်ငံက အမေရိကန်နိုင်ငံ သို့ ခရီးသွားလာမှု သတိပေးချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)