Connect with us

Europe

အသက် ၄၁ နှစ်အရွယ်ထိ ဘောလုံးကစားချင်သူ ရော်နယ်ဒို

ပေါ်တူဂီရှေ့ တန်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအားတွေ့ ရစဉ်(ဆင်ဟွာ)

မက်ဒရစ် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ခရစ္စတီယာနိုရော်နယ်ဒိုက နောက်ထပ် ၁ဝ နှစ်ကျော်ကြာ ၎င်း၏ အသက် ၄၁ နှစ်အရွယ်အထိ ဘောလုံးဆက်ကစားသွားလိုကြောင်း နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ပေါ်တူဂီနိုင်ငံလက်ရွေးစင်ကစားသမားရော်နယ်ဒိုက ရီယဲလ်မက်ဒရစ်အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်မှာ ၂ဝ၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း နှင့် ယင်းအချိန်တွင် ၎င်း၏အသက်မှာ ၃၆ နှစ်အရွယ်ရှိမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရော်နယ်ဒိုက ကလပ်အသင်း နှင့် ပရိသတ်များကို ကျေးဇူးတင်စကားဆိုလိုက်ပြီး ထိုသူများသည် သူ၏နေ့ရက်များအတွက် “ အလွန်အရေးကြီးသူများ ” ဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့သည်။

“ ကျွန်တော့်စာချုပ်ကို နောက်ထပ် ငါးနှစ်သက်တမ်း တိုးထားပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်အတွက် နောက်ဆုံးစာချုပ်တော့ မဟုတ်သေးပါဘူး။ ကျွန်တော် အသက် ၄၁ နှစ်အရွယ်ထိ ဘောလုံး ဆက်ကစားချင်ပါတယ်” ဟု ရော်နယ်ဒိုကပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက “ ရီယဲလ်မက်ဒရစ်အသင်းနဲ့အတူ သမိုင်းမှတ်တိုင်သစ်တွေ ဆက်လက်ရေးထိုးချင်ပါသေးတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ ငါးနှစ်ဆိုတာ ကြာတာပေါ့။ ကျွန်တော်အကောင်းဆုံးခြေစွမ်းပြကစားသွားမှာပါ။ အောင်မြင်မှုတွေဆက်ပြီးလိုချင်သေးတယ်။ အများကြီးလည်း ဆက်ပြီး သင်ယူချင်ပါသေးတယ်” ဟု တိုက်စစ်မှူးက မှတ်ချက်ပြုပြောကြားခဲ့သည်။“ ပရော်ဖက်ရှင်နယ်အဆင့်ကစားသမားတစ်ဦးအဖြစ် အကြာကြီးကစားနိုင်ပါသေးတယ်။ နောက်ထပ် ၁ဝ နှစ်လောက် ကစားဖို့ရှိသေးတယ်” ဟု ရော်နယ်ဒိုက ဆိုသည်။

“ ကျွန်တော်ရီယဲလ်မက်ဒရစ်အသင်းမှာ အရမ်းပျော်နေတယ်ဆိုတာကို ခင်ဗျားတို့မသိပါဘူး။ ကျွန်တော့်သားကလည်း ဒီမှာကျွန်တော်ဘောလုံးကစားနေတာကို ကျေနပ်နေတယ်လေ။ မိသားစုရောသူငယ်ချင်းတွေရောပေါ့။ ကျွန်တော်ဒီမှာဆက်ရှိနေလို့ဘာတွေ ဖြစ်လာအုံးမလဲဆိုတာ မသိနိုင်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ပစ္စုပ္ပန်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။ ဒါပေမယ့် ကလပ်အသင်းနဲ့ဆက်နွယ်မှုက အမြဲတမ်းရှိနေမှာကတော့ သေချာပါတယ် ” ဟု ရော်နယ်ဒိုက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.