Europe
နယူးဇီလန်နိုင်ငံ တောင်ပိုင်းရှိ ကျွန်းတွင် တောမီးငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်ပျက်ကျ
![နယူးဇီလန်နိုင်ငံတွင် တောမီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2019/02/images_world_2019_02_17i1.jpg)
ဝဲလ်လင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရှိ Pigeon Valley အနီးတွင် ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီဝန်းကျင်က တောမီးငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း နယ်လ်ဆင်တက်စ်မန်း (Nelson Tasman) ပြည်သူ့ကာကွယ်ရေးလုပ်ငန်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။
ရဟတ်ယာဉ် ပျက်ကျမှုတွင် ရဟတ်ယာဉ်မောင်းသူ အသက်ရှင်ခဲ့ပြီး ရရှိခဲ့သော ဒဏ်ရာများအား ဆေးကုသမှုခံယူနေကြောင်း ဒေသခံ အများပြည်သူဆိုင်ရာ ကာကွယ်ရေးထိန်းချုပ်သူ ရော်ဂျာဘောလ် (Roger Ball) က ပြောကြားခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဘရိုက်ဝါးတားမြို့ အိဗ်စ်ဗယ်လီလမ်းအနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရဟတ်ယာဉ်မှူးနှင့် အခြား ရဟတ်ယာဉ်ဝန်ထမ်းများအား ကယ်တင်ရန် အခင်းဖြစ်ရာနေရာသို့ ဒေသခံ မီးသတ်နှင့် အရေးပေါ်လုပ်ငန်းမှ ချက်ချင်းသွားရောက်ခဲ့ကြောင်း သိရသည်။
တောမီးသည် ဖေဖော်ဝါရီလ ၅ ရက်မှ စတင်လောင်ခဲ့ပြီး တိုက်အိမ်တစ်လုံး မီးလောင်ခဲ့ပြီး ဒေသခံ ၃,၀၀၀ ဦး ရွှေ့ပြောင်းခဲ့ရသည်။ မီးလောင်မှုအား မီးသတ်သမား ၁၅၀ ဦးနှင့် ရဟတ်ယာဉ် ၂၂ စင်းဖြင့် မီးငြှိမ်းသတ်ရလျက်ရှိသည်ဟု သိရသည်။
အဆိုပါ မီးသည် ၁၀၅၅ ခုနှစ်ကစ၍ နယူးဇီလန်နိုင်ငံတွင် အကြီးမားဆုံး မီးလောင်ကျွမ်းမှုဖြစ်ပြီး မကြာသေးမီ ရက်များအတွင်း ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)