Connect with us

Europe

၂၁ ရာစုတွင် အကျပ်အတည်းများကို နိုင်ငံအသီးသီးက လက်တွဲဖြေရှင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက မြူးနစ်လုံခြုံရေး အစည်းအဝေးတွင် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

မြူးနစ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

၂၁ ရာစုတွင် အကျပ်အတည်းများကို နိုင်ငံအသီးသီးက လက်တွဲဖြေရှင်းသင့်ကြောင်း၊ ကိုလိုနီခေတ်၊စစ်အေးခေတ်အတွေးအခေါ်များ လက်ကိုင်မထားရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဖေဖော်ဝါရီ ၁၆ ရက် မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။

လက်ရှိ ကမ္ဘာသည် အကျပ်အတည်းကာလတစ်ခုကို ဝင်ရောက်နေပြီဖြစ်ရာ ယခင်အကျပ်အတည်း များပိုမို နက်နဲလာပြီး အကျပ်အတည်းအသစ်များထွက်ပေါ်လျက်ရှိကြောင်း၊ အချို့ဒေသတွင် ရုရှား၏ပါဝင်မှုသည် အခြေအနေတည်ငြိမ်အောင်ဆောင်ရွက်ရာတွင် အဓိကကျသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ၊ လက်ရှိ အချို့အကျပ်အတည်းဖြေရှင်းရန်ဆုံးဖြတ်ချက်များသည် နေတိုး၏သဘောထားကို ထင်ဟပ်ပြသခြင်းသာဖြစ်ကြောင်း Sergey Lavrovက ဆိုသည်။

ဒေသလုံခြုံရေး ဆွေးနွေးညှိနှိုင်းရာတွင် ရုရှားကို ဘေးဖယ်ထားခြင်းက ဒေသတည်ငြိမ်မှုအတွက် အကျိုးမရှိကြောင်း ၊ ၂၁ ရာစုတွင် ကိုလိုနီခေတ်၊စစ်အေးခေတ်အတွေးအခေါ်များ လက်ကိုင်မထားသင့်ဘဲ အခြားသူ၏ အမြင်သဘောထားကို နားထောင်ကာ အကျပ်အတည်းများကို အတူလက်တွဲဖြေရှင်းသွားသင့်ကြောင်း Sergey Lavrovက ပြောကြားခဲ့သည်။

Sergey Lavrovက ရုရှား၏ Eurasian Economic Unionနှင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုသည် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမည်ဖြစ်ရာ ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကို တိုးမြှင့်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.