Connect with us

Europe

နေတိုးတပ်ဖွဲ့ က အာဖဂန်နစ္စတန်နိုင်ငံ မှ တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူချိန်တွင် အရပ်ဘက် သံတမန် ဝန်ထမ်းများ ချန်ထားရစ်မည်ဟု ပြောကြား

နေတိုးတပ်ဖွဲ့ အတွင်းရေးမှူး Jens Stoltenberg အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

နေတိုးတပ်ဖွဲ့ဝင်များအား အာဖဂန်နစ္စတန်နိုင်ငံ မှ ပြန်လည်ခေါ်ယူသွားပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများ ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံမြို့တော် ကဘူးလ် တွင် အရပ်သား သံတမန်ရေးရာဝန်ထမ်းများ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူး Jens Stoltenberg က ဇွန်လ ၁ ရက်၌ ပြောကြားခဲ့သည်။နေတိုးတပ်ဖွဲ့ ကာကွယ်ရေးဝန်ကြီးများ ဗီဒီယိုအစည်းအဝေး အား ဇွန်လ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ နေတိုးတပ်ဖွဲ့ အတွင်းရေးမှူး Jens Stoltenberg က သတင်းစာရှင်းလင်းပွဲတွင် နေတိုးတပ်ဖွဲ့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက်တွင် ကဘူးလ်တွင် အရပ်သား သံတမန်ဝန်ထမ်းများအား ဆက်လက်ထားရှိမည်ဖြစ်ကာ တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းသည့် လုပ်ငန်းမှာလည်း အဆင်ပြေချောမွေးစွာ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

Jens Stoltenberg က နေတိုးတပ်ဖွဲ့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ရေးဆောင်ရွက်မှု ပြီးစီးသွားသော်လည်း အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့အတွက် ဆက်လက်၍ ငွေကြေး ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ အတွက်လည်း စွမ်းရည်တည်ဆောက်မှုပိုင်းကူညီပေးသွားမည်ဖြစ်ပြီး အကြံပေးဆောင်ရွက်မှုကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ နယ်နိမိတ်ပြင်ပတွင် အာဖဂန်တပ်ဖွဲ့အတွက် စစ်ရေးလေ့ကျင့်မှုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် အထူးတပ်ဖွဲ့ဝင် များအတွက် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ၊ နေတိုးတပ်ဖွဲကအနေဖြင့်လည်း မည်ကဲ့သို့ ငွေကြေး နှင့် ဝန်ဆောင်မှုများ ကူညီထောက်ပံ့ပေးသွားနိုင်ရန် လော့လာသုံးသပ်နေပြီး မဟာမိတ်နိုင်ငံများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကဘူးလ်တွင် ဆက်လက်နေထိုင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဇွန်လ ၁ ရက် နံနက်ပိုင်းအချိန်မှစတင်၍ နေတိုးတပ်ဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပြီး “နေတိုး ၂၀၃၀ ခုနှစ် အစီအစဉ်” နှင့် ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြကာ ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်မည့် နေတိုးထိပ်သီးအစည်းအဝေး အတွက် ပြင်ဆင်မှုဆောင်ရွက်နေကြောင်း သိရှိရသည်။

၂၀၀၁ ခုနှစ်တွင် “9/11” အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ က အာဖဂန်နစ္စတန်နိုင်ငံ အား စစ်ရေးတိုက်ခိုက်မှု စတင်ခဲ့ပြီး နေတိုးတပ်ဖွဲ့ဝင်များကလည်း အာဖဂန်နစ္စတန်နိုင်ငံ သို့ဝင်ရောက်ခဲ့ကြသည်။ နေတိုးတပ်ဖွဲ့သည် မေ ၁ ရက်မှစတင်၍ လပိုင်းအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ နေတိုးတပ်ဖွဲ့ဝင်ပေါင်း တစ်သောင်းခန့်ကို အားလုံးပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ယခုနှစ် ဧပြီ ၁၄ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ယင်းနေ့တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန်ကလည်း အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားခဲ့ပြီး မေ ၁ ရက်မှစတင်၍ အမေရိကန်တပ်ဖွဲ့ဝင်များကို စည်းစနစ်ကျစွာ ပြန်လည် ခေါ်ယူသွားမည်ဖြစ်ပြီး အမေရိကန် နှင့် နေတိုးမဟာမိတ်တပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၁၁ ရက် မတိုင်မီ အပြီး ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————
(Chinese Version)

(国际)北约表示从阿富汗撤军后将保留文职外交人员

新华社布鲁塞尔6月1日电(记者任珂)北约秘书长斯托尔滕贝格1日表示,北约从阿富汗撤军后将继续向阿富汗提供支持,并在阿首都喀布尔保留文职外交人员。

北约国防部长视频会议1日举行。斯托尔滕贝格在会后的新闻发布会上说,北约将在结束在阿军事任务后,在喀布尔保留文职外交人员,部队的缩编工作正在顺利推进。

斯托尔滕贝格表示,北约正在结束在阿军事任务,但将继续为阿富汗安全部队提供资金,帮助阿富汗安全部门进行能力建设并对其提供咨询。北约正在考虑在阿富汗境外向阿提供军事训练,重点是特种作战部队。北约也在研究如何提供资金和服务,以使盟国和国际社会能够留在喀布尔。
当天早些时候,北约还召开了外长会议,重点讨论“北约2030年议程”,并为即将于6月14日举行的北约峰会做准备。

2001年“9•11”恐怖袭击后,美国发动阿富汗战争,北约军事力量进入阿富汗。今年4月14日,北约决定从5月1日起“几个月内”从阿富汗撤出全部约1万人的军队。同一天,美国总统拜登在白宫发表讲话说,美军将于5月1日开始有序撤离,美军和北约盟友军队将于9月11日前撤出。(完)

Photo
2月14日,在位于比利时首都布鲁塞尔的北约总部,北约秘书长斯托尔滕贝格出席新闻发布会。北约秘书长斯托尔滕贝格14日在布鲁塞尔表示,即将召开的北约防长会将主要关注军费和反恐两大议题。北约将于2月15日至16日在布鲁塞尔北约总部举行成员国国防部长会议。新华社记者 叶平凡 摄