Connect with us

Economy

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိနန်မြို့၏ ယူရေးရှား ရထားပြေးဆွဲမှု အစီးရေ စုစုပေါင်း (၁,၀၀၀) ရှိ ၊ အရည်အသွေးမြင့် ကုန်ပစ္စည်းတင်ပို့မှုအဖြစ် ပြောင်းလဲလာ

ကျိနန်၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိနန်မြို့တွင် ယူရေးရှား ရထားပြေးဆွဲမှု အစီးရေ (၁,၀၀၀)မြောက် မောင်းနှင်မှုအခမ်းအနားကို ဇွန် ၂ ရက် နံနက်ပိုင်းက ကျိနန်မြို့ တုန်ကျား ကုန်ရထားပို့ဆောင်ရေးစင်တာတွင် ကျင်းပခဲ့သည်။အဆိုပါရထားသည် သံမဏိလုံး၊ ကုန်မာ၊ ပိတ်စ၊ နေ့စဉ်သုံးပစ္စည်းများပါဝင်သည့် ကွန်တိန်နာ (၅၂)လုံးကို သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

စုစုပေါင်း တန်ချိန် (၁၈၈၅.၅)တန်၊ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၃၅)သန်းခန့်ရှိသည့် ၎င်းရထားကြီးသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ Khorgasနယ်စပ်ဂိတ်ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး (၁၂)ရက်ခန့် အကြာတွင် ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။

China Railway Jinan Group Co Ltd. ကျိနန်ရထားဝန်ဆောင်မှု တုန်ကျားဘူတာ ကုန်တင်ပို့ဆောင်ရေးဌာန ဝန်ထမ်းများက ယူရေးရှားရထားပေါ်သို့ ကုန်ပစ္စည်းများတင်ဆောင်ရန် စီစဉ်နေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဩဂုတ် ၄ ရက်က ကျိနန်မြို့ တွင် ယူရေးရှားရထားကို ပထမဆုံးအကြိမ် စတင်မောင်းနှင်ခြင်းဖြစ်ရာ ကျိနန်နှင့်အနီးတစ်ဝိုက်ဒေသများအတွက် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သလို ဆန်းတုန်းပြည်နယ်၏ ပြည်ပကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် အားကောင်းသည့်အထောက်အပံ့ဖြစ်စေခဲ့ကြောင်း China Railway Jinan Group Co Ltd. ဝန်ထမ်းတစ်ဦးက ဆိုသည်။ ၂၀၂၀ ပြည့်နှစ်တွင်ကျိနန်မှ ထွက်ခွာသွားသည့် ယူရေးရှားရထားပြေးဆွဲမှုသည် (၅၄၂)စီး ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၂၄၀)ရာခိုင်နှုန်းတိုးလာပြီး ဆန်းတုန်းပြည်နယ်က ပထမနေရာတွင်ရှိခဲ့ကြောင်း သိရသည်။

China Railway Jinan Group Co Ltd. ကျိနန်ရထားဝန်ဆောင်မှု တုန်ကျားဘူတာ ကုန်တင်ပို့ဆောင်ရေးဌာန ဝန်ထမ်းများက ယူရေးရှားရထားပေါ်သို့ ကုန်ပစ္စည်းများတင်ဆောင်ရန် စီစဉ်နေသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ပြီးခဲ့သည့် (၄)လကြာကာလတွင် ကျိနန်မှ ထွက်ခွာသည့် ယူရေးရှားရထားအစီးရေ (၁၈၆) စီးရှိရာ ပြီးခဲ့သည့်ကာလတူထက် (၃၂.၉)ရာခိုင်နှုန်းတိုးတက်လာသည်။ လက်ရှိ ကျိနန်မှ ထွက်ခွာသည် ယူရေးရှားရထား လမ်းကြောင်း (၁၂)ခု ရှိပြီး ဥရောပတိုက်နှင့် အလယ်အာရှဒေသရှိ နိုင်ငံပေါင်း (၁၉)နိုင်ငံ၊ မြို့ပေါင်း(၄၆)မြို့ကို သွားလာနိုင်ကြောင်း သိရသည်။ ပို့ဆောင်သည့် ကုန်ပစ္စည်းများကို ကြည့်ပါက ယခု(၄)နှစ်တွင် ပြောင်းလဲမှုများစွာရှိခဲ့သည်။ ကျိနန်မှထွက်ခွာသည့် ယူရေးရှားရထားသည်အရည်အသွေးမြင့်၊တန်ဖိုးမြင့်သို့ ဦးတည် ပြောင်းလဲနေခြင်းဖြစ်ကြောင်း China Railway Jinan Group Co Ltd. ကျိနန်ရထားဝန်ဆောင်မှု တုန်ကျားဘူတာ ကုန်တင်ပို့ဆောင်ရေးတာဝန်ခံ လီရွှယ်ခွန်းက ပြောသည်။ ပို့ကုန်များသည် ကနဦးကာလတွင် နေ့စဉ်သုံးပစ္စည်း၊ အဝတ်အထည်၊ အသေးစားကုန်ပစ္စည်းစသည့် တန်ဖိုးနည်းကုန်စုံပစ္စည်းများ ဖြစ်ရာမှ ယနေ့အခါ မော်တော်ယာဉ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ လေဆာပန်းပုစက်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်းစသည့် တန်ဖိုးကြီး ကုန်ပစ္စည်းများအထိ ချဲ့ထွင်နိုင်ခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့် ကြည့်ပါက ကနဦး သစ်သား၊စက္ကူပျော့ဖတ်စသည့် ထုတ်ကုန်ပစ္စည်းများ အဓိက တင်သွင်းရာမှ ယခုအခါ ရုရှားဂျုံမှုန့်၊ ဂျာမနီ ဘီယာစသည့် နေစဉ်သုံးကုန်ပစ္စည်းများအဖြစ် အမျိုးအစားတိုးပွားလာခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(Chinese Version)

(经济)济南欧亚班列累计开行1000列 高质量成鲜明特色

新华社济南6月2日电(记者邵鲁文)6月2日上午,济南欧亚班列第1000列开行仪式在济南董家镇铁路货运中心举行,该趟列车共计52个集装箱,载有钢球、五金配件、布料、日用品等货物,共计1885.48吨,货值约335万美元,将经霍尔果斯口岸出境,约12天到达哈萨克斯坦。

据中国铁路济南局集团公司济南车务段工作人员介绍,2017年8月4日,济南首次开行欧亚班列,为济南及周边区域开辟了新的贸易通道,为山东外贸发展提供了强有力的支撑。2020年,济南发出的欧亚班列全年开行542列,同比增长超过240%,居山东第一位。今年前4个月,济南开行欧亚班列186列,同比增长32.9%。

目前,济南发出的欧亚班列有12条线路,通往欧洲和中亚地区的19个国家46座城市。从运送的货物来看,近4年也发生了较大变化。中国铁路济南局集团公司济南车务段董家镇站货运主任李学宽告诉记者,济南发出的欧亚班列正向着高质量、高附加值方向转变,从出口货物看,初期主要为日用品、服装、小商品等“小散杂”的低附加值产品,如今逐步拓展至汽车、白色家电、机械设备、激光雕刻机、汽车零部件等高附加值产品。从进口货物来看,初期主要为木材、纸浆等生产资料,如今则越来越民生化,俄罗斯面粉、德国啤酒等日用品货物逐渐增多。(完)

图说1:新华社照片,济南,2021年1月22日
中国铁路济南局集团有限公司济南车务段董家镇货运营业部工作人员在组织欧亚班列货物装运(1月21日摄)。新华社记者 王凯 摄