Connect with us

Africa & Middle East

နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရာတွင် ပိုမိုကြိုးပမ်းဆောင်ရွက်ပေးရန် ကူဝိတ် တိုက်တွန်း

ကူဝိတ် နိုင်ငံ Emir Sheikh Nawaf အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံဝန်ကြီးချုပ် Sabah သည် ဇွန် ၁ ရက်က အလည်အပတ်ခရီးစဉ်ဖြင့် ကူဝိတ်သို့ ရောက်ရှိလာသည့် ပါလက်စတိုင်းဝန်ကြီးချုပ် Shtayyeh နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြိုးပမ်းအားထုတ်မှု ပိုမိုပြုလုပ်ဆောင်ကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။အစည်းအဝေးပြုလုပ်ရာတွင် ကူဝိတ်နိုင်ငံဝန်ကြီးချုပ် Sabah က ကူဝိတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်း၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ထောက်ခံအားပေးကြောင်း ၊ အာရပ်နိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းအားထုတ်မှုပိုမိုပြုလုပ်၍ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ၊ ပါလက်စတိုင်းလူမျိုးများအား ဦးတည်၍ ဆောင်ရွက်သည့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားအောင် အာမခံချက် ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ ကူဝိတ်နိုင်ငံဝန်ကြီးချုပ် Sabah နှင့် ပါလက်စတိုင်းဝန်ကြီးချုပ် Shtayyeh တို့က ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် သဘောထားအမြင်များ ဖလှယ်ခဲ့ကြပြီး နှစ်ဘက်အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၁ ရက် နံနက်အစောပိုင်းအချိန်တွင် ကူဝိတ် နိုင်ငံ Emir Sheikh Nawaf က ပါလက်စတိုင်းဝန်ကြီးချုပ် Shtayyeh နှင့်တွေ့ဆုံချိန်တွင် ကူဝိတ်နိုင်ငံအနေဖြင့် ဆက်လက်၍ ခိုင်မြဲစွာ ပါလက်စတိုင်း၏ လုပ်ငန်းများအပေါ် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၊ ပါလက်စတိုင်းလူမျိုးများအနေဖြင့် နိုင်ငံတကာတရားဝင်ဆုံးဖြတ်ချက် နှင့် “အာရပ်ငြိမ်းချမ်းရေး ဖော်ဆောင်မှု” (Arab Peace Initiative) တို့ဖြင့် အရှေ့ ဂျေရုဆလင်အား မြို့တော်အဖြစ်ထားရှိ၍ လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းဝန်ကြီးချုပ် Shtayyeh က ကူဝိတ်နိုင်ငံမှ ပါလက်စတိုင်း၏ လုပ်ငန်းများ နှင့် ပြည်သူလူထုအပေါ် ထောက်ခံပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းဝန်ကြီးချုပ် Shtayyeh သည် မေ ၃၁ ရက်၌ ကူဝိတ်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အချိန် ၂ ရက်ကြာ တရားဝင်လည်ပတ်ခရီးစဉ် စတင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး နှင့် ပါလက်စတိုင်း ဂါဇာဒေသရှိ လက်နက်ကိုင်အဖွဲ့အကြား မေ ၁၀ ရက်က ဆိုးရွားသည့် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း နှင့် အစ္စရေး နှစ်ဘက် စလုံး လူများစွာ သေဆုံးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ လွန်စွာ အလေးထားစောင့်ကြည့်မှုခံခဲ့ရသည်။ အီဂျစ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုအောက်တွင် ပါလက်စတိုင်း ဟားမတ်စ် နှင့် အစ္စရေး တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိသွားပြီး မေ ၂၁ ရက်မှစ၍ တရားဝင် အပစ်အခတ်ရပ်စဲရေးအား စတင်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

——————————————
(Chinese Version)

(国际)科威特呼吁国际社会加大努力重启中东和平进程

新华社科威特城6月1日电(记者王薇 聂云鹏)科威特首相萨巴赫1日与到访的巴勒斯坦总理阿什提耶举行会谈,呼吁国际社会加大努力,重启中东和平进程。

萨巴赫在会谈中重申科威特对巴勒斯坦事业的支持,呼吁阿拉伯国家以及国际社会加大努力重启中东和平进程,确保针对巴勒斯坦人民的暴力行为不会再次发生。

据报道,萨巴赫与阿什提耶还就地区问题交换意见,双方表示愿为实现地区和平稳定加强磋商和协调。
当天早些时候,科威特埃米尔纳瓦夫在会见阿什提耶时也表示,科威特将继续坚定不移地支持巴勒斯坦事业,支持巴勒斯坦人民根据国际合法性决议和“阿拉伯和平倡议”建立以东耶路撒冷为首都、独立的巴勒斯坦国。阿什提耶对科威特方面向巴勒斯坦事业和人民提供的支持表示感谢。

阿什提耶5月31日抵达科威特,进行为期两天的正式访问。以色列与巴勒斯坦加沙地带武装组织5月10日起爆发严重冲突,导致巴以双方大量人员伤亡,引发国际社会严重关切。在埃及斡旋下,巴勒斯坦伊斯兰抵抗运动(哈马斯)与以色列达成停火协议,于5月21日正式停火。(完)

Photo
3月3日,科威特埃米尔纳瓦夫在科威特城举行的内阁宣誓就职仪式上讲话。新华社发