Europe
ပိုလန်နိုင်ငံတွင် ရထားနှင့် ကားတိုက်မှုကြောင့် လူနှစ်ဦးသေဆုံး
ဝါဆော၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၉ ရက်က ရထားနှင့် ကားတိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။
Rzeszowမြို့ကို ဖြတ်သန်းထားသော ရထားလမ်းပေါ်၌ ရထားမောင်းနှင်လာနေသည်ကို သတိမပြုဘဲ ကားတစ်စီးဖြတ်သန်းမောင်းနှင်ရာမှ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားစဉ် ကားအတွင်း လူသုံးဦးလိုက်ပါလာကြောင်း၊ တစ်ဦးပွဲချင်းပြီးသေဆုံးကာ၊ တစ်ဦးမှာ ဆေးရုံသို့ သွားစဉ် လမ်း၌ သေဆုံးခဲ့ကြောင်း၊ ကျန်တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ဆိုသည်။
ရထားတိုက်မှုကြောင့် ကားသည် မီတာ ၁၅၀ အကွာအထိ လွှင့်ထွက်သွားခဲ့မှုကြောင့် အဆိုပါ ယာဉ်တိုက်မှုသည် အလွန် အရှိန်အလွန်ပြင်းထန်ကြောင်း ဒေသခံ မီဒီယာများက သတင်းဖော်ပြထားသည်။(Xinhua)