Connect with us

Europe

တူရကီ နိုင်ငံ အစိုးရ က IS အစွန်းရောက် အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည် ဟု သံသယ ရှိသော နိုင်ငံခြားသား ၁၉ ဦး အား ဖမ်းဆီး

တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ဝင် တို့က လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ ၌ IS အစွန်းရောက် အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည် ဟု သံသယ ရှိသော နိုင်ငံခြားသား ၁၉ ဦး အား ရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၁၉ ရက် တွင် ဖမ်းဆီး ခဲ့ကြောင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။

တူရကီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ ၊ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ က အစ္စတန်ဘူလ် မြို့ အတွင်း ဒေသ ၁၁ ခု အား တစ်ချိန်တည်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် သံသယ ရှိသည့် နိုင်ငံခြားသား ၁၉ ဦး အား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတို့ အနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာ သို့ သွားရောက်ရန် ကြံစည်နေကြပြီး တူရကီ နိုင်ငံ တွင်လည်း အကြမ်းဖက် တိုက်ခိုက်မှုဆောင်ရွက်ရန် ကြံစည်နေကြကြောင်း ၊ ရှာဖွေစစ်ဆေးမှု ဆောင်ရွက်စဉ် အတွင်း ရဲတပ်ဖွဲ့ က တရားမဝင် စာရွက်စာတမ်းများ ၊ စာအုပ်များ နှင့် လျှပ်စစ်ပစ္စည်းများ ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ အစိုးရ က IS အစွန်းရောက် အဖွဲ့ ၏ လတ်တလော နှစ်ပိုင်တွင် နိုင်ငံအတွင်း ဆောင်ရွက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.