Connect with us

Europe

ပြင်သစ်နိုင်ငံတွင် အရက်ကြောင့် သေဆုံးသူသည် တစ်နှစ်လျှင် လူ ၄ သောင်းကျော်ရှိဟု လေ့လာရေးစစ်တမ်းတစ်ခုက ဖော်ပြထား

အရက်ဘား တစ်ခုတွင် အရက်အဖျော်ယမကာများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပါရီ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ကြည့်မှု သုတေသနဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်တမ်းရလဒ်တစ်ခု ထုတ်ပြန်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ အရက်သောက်သုံးမှုကြောင့် သေဆုံးသူ ၄၁,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းမှာ ၂၀၀၉ ခုနှစ်နှင့်ယှဉ်လျှင် ၈၀၀၀ ခန့် လျော့နည်းသွားပြီဖြစ်သော်လည်း အရက်သောက်သုံးခြင်းသည် ပြင်သစ်နိုင်ငံမှာ ဆေးလိပ်ပြီးလျှင် ဒုတိယ ဒုက္ခအပေးဆုံးအရာဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်သည် လတ်တလောတွင် ပြင်သစ်နိုင်ငံ၏ သေဆုံးသူစာရင်းပြုစုထားသည့် နောက်ဆုံးနှစ် ဖြစ်ရာ လေ့လာချက်များအရ ယင်းနှစ်တွင် သေဆုံးသူ ၄၁,၀၀၀ ခန့် သည် အရက်အဆိပ်သင့်ခြင်း သို့မဟုတ် အရက်သောက်သုံးခြင်းကြောင့်ရောဂါဖြစ်ပွားခြင်းနှင့်မတော်တဆဖြစ်ခြင်းများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ကြည့်မှု သုတေသနဌာန၏ ထုတ်ပြန်သည့် စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အသေးစိတ်ဆိုရလျှင် သေဆုံးသူများတွင် ၃၃,၀၀၀ ခန့် သည် အရက်သောက်သုံးခြင်းကြောင့် ကင်ဆာ ရောဂါ၊နှလုံးသွေးကြောရောဂါနှင်အစာအိမ်အူလမ်းကြောင်းရောဂါဖြစ်ပွား သေဆုံးရခြင်း ဖြစ်ပြီး လူ ၅,၄၀၀ မှာ အရက်သောက်သုံးပြီးနောက် မတော်တဆဖြစ်ပွားခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံး စီရင်ခြင်းများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ၊အချို့မှာ အရက်နှင့် သက်ဆိုင်သည့် စိတ်ရောဂါ ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်။

၁၉၅၀ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံတွင် အရက်သောက်သုံးသူဦးရေလျော့နည်းလာပြီဖြစ်သော်လည်း ပြည်သူ့ကျန်းမာရေးကို ထိခိုက်မှုရှိဆဲဖြစ်ရာ အစိုးရအနေဖြင့် အရက်ယမကာ ဝယ်ယူသောက်သုံးခြင်း များကို လျော့နည်းအောင် သတိပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း စစ်တမ်းရလဒ်တွင် ရေးသား ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.