Connect with us

Europe

ဆွစ်ဇာလန်နိုင်ငံ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုတွင် ဆီးနှင်းပြိုကျမှုဖြစ်ပွား ၊ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရ၊ လူအချို့ နှင်းတောတွင် ပိတ်မိနေ

ဆွစ်ဇာလန်နိုင်ငံရှိ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျနီဗာ၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ အဲ့လပ်တောင်တန်းဒေသ Crans Montana အနီးရှိ နှင်းလျှောစီးအပန်းဖြေစခန်း တစ်ခု ဖေဖော်ဝါရီ ၁၉ ရက်က ဆီးနှင်းပြိုကျမှုဖြစ်ပွားရာ နှင်းလျှောစီးနေသူ အနည်းဆုံး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၊ ဒဏ်ရာရသူများအနက် ၁ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း Valaisပြည်နယ် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် နှင်းတောထဲတွင် ပိတ်မိနေသူများ ရှိပြီး အရေအတွက်ကို အတိအကျမသိရသေးကြောင်း သိရသည်။

အချင်းဖြစ်ပွားချိန်မှာ မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ်ပြီး ကူညီကယ်ဆယ်မှုများ ဆက်လက် လုပ်ဆောင် လျက်ရှိကြောင်း ၊ ရဲတပ်ဖွဲ့က ရဟတ်ယာဉ် ၈ စီး စေလွှတ်ထားပြီး ရဲတပ်ဖွဲ့ဝင်၊ စစ်တပ်တပ်ဖွဲ့ဝင်၊ စေတနာ့ဝန်ထမ်းနှင့် ဆေးဝါကုသရေးအဖွဲ့များ အပါအဝင် လူ ၂၄၀ ခန့်က ကူညီကယ်ဆယ်မှု တွင် ပါဝင်ဆောင်ရွက်နေကြောင်း Valaisပြည်နယ်ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသည့်နေ့ ညတွင် ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ နှင်းတောတွင် ပိတ်မိနေသူ အနည်းဆုံး ၁၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရသိရသည်။(Xinhua)