Europe
ဘယ်လ်ဂျီယံ တောင်ပိုင်းတွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားရာ လူအများအပြား ဒဏ်ရာရရှိ

ဘရပ်ဆဲလ်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Bestogne မြို့အလယ်ပိုင်း စားသောက်ဆိုင်တစ်ဆိုင် နောက်ဘက်ရှိ အိမ်တစ်အိမ် တွင် ဒေသစံတော်ချိန် ည ၉နာရီ ၌ ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုကြောင့် အနီးအနားဧရိယာရှိ အဆောက်အအုံများ ပျက်စီးသွားပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကာ လူနာတင်ကားများ နှင့် မီးသတ်ကားများစွာ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Bestogne မြို့ မီးသတ်တပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုသည် ဓါတ်ငွေ့ကြောင့် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး အကျိုးအပဲ့အပျက်အစီးများကြားတွင် လူ တစ်ဦးတစ်ယောက်မျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခြင်းမရှိဘဲ ဒဏ်ရာပြင်းထန်သူတစ်ဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ (Xinhua)