Connect with us

Europe

ကိုရီးယား ကျွန်းဆွယ်အရေး ကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသင့်ကြောင်း ရုရှား နိုင်ငံ သမ္မတ ပူတင် ပြောကြား

ရုရှား နိုင်ငံ သမ္မတ ပူတင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ကိုရီးယား ကျွန်းဆွယ်အရေး အဖြေရှာ ရာတွင် တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းသင့်ပြီး ဖိအားပေးမှု များပြုလုပ်ခြင်းဖြင့် မဖြေရှင်းသင့်ကြောင်း စက်တင်ဘာ ၁ ရက်နေ့၌ ပြောကြားခဲ့သည်။

ရုရှား နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ပူတင် က မြောက်ကိုရီးယား နိုင်ငံ အပေါ် ဖိအားပေး ဆောင်ရွက်ခြင်းဖြင့် ဒုံးကျည် စီမံကိန်း များကို ရပ်တန့်အောင်ဆောင်ရွက်ခြင်း သည် မှားယွင်းကြောင်း မှာ လက်ရှိချိန်တွင် သိသာထင်ရှားနေပြီးဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ဆွေးနွေးမှု ကို ထူထောင်ရမည်ဖြစ်ပြီး ဆွေးနွေးမှု ကို မစတင်မီ တောင်းဆိုမှု မထားရှိခြင်း ၊ အပြန်အလှန် ရန်မပြုခြင်း ၊ အပြန်အလှန် ဖိအားမပေးခြင်း ၊ အပြန်အလှန် လက်နက်ဖြင့် မခြိမ်းခြောက်ခြင်း နှင့် အပြန်အလှန် ရန်ပြုပြောကြားမှု မရှိခြင်း စသည့်အချက်များအပေါ် အခြေခံထားရမည် ဖြစ်ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၃၁ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ မှ မြောက်ကိုရီးယား နျူကလီးယား အရေး နှင့် ပတ်သက်၍ စစ်အင်အား အသုံးပြုခြင်း ကို ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အရေး ကို နိုင်ငံရေးနည်းလမ်း ဖြင့်သာ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သည် သြဂုတ်လ ၂၉ ရက်နေ့၌ တာဝေးပစ် ဒုံးကျည် တစ်စင်း ကို ပစ်လွှတ်ခဲ့ပြီးနောက် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပြင်းထန်စွာ ရှုံ့ချကြောင်း နှင့် သတ်မှတ်ချက်များကို တင်းကြပ်စွာ လိုက်နာရမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် နိုင်ငံ သမ္မတ ကလည်း နောက်တစ်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ ၏ ဆောင်ရွက်မှု များသည် အိမ်နီးချင်း နိုင်ငံ နှင့် နိုင်ငံတကာ အတိုင်းအဝိုင်း ကို မထီမဲ့မြင် ပြုရာကျပြီး အားလုံးသောရွေးချယ် စရာနည်းလမ်းများသည် စားပွဲပေါ်တွင် ရှိနေပြီး ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.