Europe
ဘာစီလိုနာအကြမ်းဖက်မှု မှ ဗင်ကားမောင်းသူ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့အတည်ပြုပြောကြား
ဘာစီလိုနာ၊ သြဂုတ် (၁၉) ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့၏ အချက်အချာနေရာဖြစ်သော နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားများဆွဲဆောင်ရာ Las Ramblas လမ်းမပေါ် တွင် သွားလာနေသည့် လူအုပ်အတွင်း သို့ သြဂုတ် ၁၇ ရက်တွင် ဗင်ကားအဖြူရောင်ဖြင့် ဝင်တိုက်ခဲ့သော Moussa Oukabir အမည်ရှိ အကြမ်းဖက်သမားမှာ စပိန်နိုင်ငံ ရဲတပ်ဖွဲ့က Cambrills မြို့တွင် သြဂုတ် ၁၈ ရက်က ပစ်သတ်ခဲ့သော အကြမ်းဖက်သမားများ အနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ El Espanol က သြဂုတ် ၁၈ ရက်တွင်ဖော်ပြခဲ့သည်။
အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ဘာစီလိုနာမြို့ အချက်အချာရှိ Las Ramblas လူသွားလမ်းမပေါ်၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)
သြဂုတ်လ ၁၇ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်သေဆုံးသူ ဦးရေသည် ၁၅ဦးအထိ မြင့်တက်လာကြောင်း သိရသည်။ (Xinhua)