Connect with us

Europe

ဘာစီလိုနာအကြမ်းဖက်မှုတွင် လူ၁၃ဦးသေဆုံးပြီး ၁၀၀ကျော်ဒဏ်ရာရရှိကာ သံသယရှိသူ ၄ဦး ထက်မနည်းသေဆုံး


ဘာစီလိုနာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဘာစီလိုနာမြို့အချက်အချာတွင် သြဂုတ်လ ၁၇ ရက်က ဖြစ်ပွားခဲ့သော လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအား ပြန်လည်တုံ့ပြန်သော စစ်ဆင်ရေးတစ်ခုတွင် ဘာစီလိုနာမြို့တောင်ပိုင်း Cambrils မြို့၌ အနည်းဆုံး သံသယရှိသူ ၄ဦး ကိုပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။

ဘာစီလိုနာအကြမ်းဖက်မှု ဖြစ်ပွားပြီး ၇နာရီခန့်အကြာ ဘာစီလိုနာမြို့ တောင်ဘက် ၁၂၀ကီလိုမီတာခန့် အကွာ Cambrils မြို့ တွင် သြဂုတ် ၁၈ ရက် နံနက်ပိုင်းက သံသယရှိသူ အနည်းဆုံး ၄ဦး (သို့) ၅ဦးအား အခြား အကြမ်းဖက်မှုတစ်ခုအား ထပ်မံလုပ်ဆောင်ရန် ကြိုးပမ်းမှုဖြင့် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာမြို့၏ အရှုပ်ထွေးဆုံးလမ်းမများအနက် တစ်ခု တွင် သြဂုတ် ၁၇ ရက် က ကမ္ဘာလှည့်ခရီးသွားအုပ်စုများရှိရာသို့ ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် တရားခံအား ရဲတပ်ဖွဲ့က ရှာဖွေနေစဉ် ညပိုင်း၌ အပြန်အလှန်ပစ်ခတ်မှု ထွက်ပေါ်လာကြောင်း သိရသည်။

ဘာစီလိုနာမြို့ အချက်အချာတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဘာစီလိုနာ ရဲတပ်ဖွဲ့က Cambrils မြို့ နှင့် ယင်းမြို့အနီးအနားရှိ ဒေသခံများအား နေအိမ်၌သာ နေထိုင်ရန် လူမှုကွန်ရက်များမှတစ်ဆင့် နှိုးဆော်ထားကြောင်း သိရသည်။

တိုက်ခိုက်မှု နှင့် ဆက်စပ်နေသည့် မော်ရိုကိုနိုင်ငံသား တစ်ဦး နှင့် မြောက်အာဖရိကဖွား စပိန်နိုင်ငံသား တစ်ဦး ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဗင်ကားမောင်းသူတရားခံမှာ လွတ်မြောက်နေဆဲဖြစ်၍ ဘာစီလိုနာ မြို့လယ်ခေါင်၌ လုံခြုံရေးတင်းကျပ် ထားကြောင်း သိရသည်။

ယင်းလူအများအပြားသေဆုံးခဲ့သည့် အကြမ်းဖက်မှုအား IS စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.