Europe
ဘူဂေးရီးယား အာဏာပိုင်များသည် တူရကီ နယ်စပ်တွင် ဘိန်းဖြူ ၂၀၀ ကီလိုဂရမ် နီးပါး ဖမ်းဆီးရမိ
ဆိုဖီယာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဘူဂေးရီးယား တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များသည် တူရကီနယ်စပ်နှင့် ဆက်စပ်နေသည့် လီဆိုဗို စစ်ဆေးရေး ဂိတ်တွင် အလေးချိန် ၂၀၀ ကီလိုဂရမ် နီးပါးရှိသည့် ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၆ ရက်တွင် ပြောကြားခဲ့သည်။
အီရန်နိုင်ငံမှ နယ်သာလန်နိုင်ငံသို့ ပို့ဆောင်ရန် အီရန် မှတ်ပုံတင်ထားသည့် ခရမ်းချဉ်သီး အနှစ် သံဘူးများအား သယ်ဆောင်လာသည့် ကုန်တင်ကားအား ဓါတ်မှန်ရိုက် စစ်ဆေးရာမှ တရားမဝင် မူးယစ်ဆေးဝါးများအား ဇူလိုင်လ ၅ ရက်တွင် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အဆိုပါ ထုတ်ပြန်ချက်၌ ဘိန်းဖြူများ ဖြည့်တင်းထားသည့် သံဘူး ၄၀၀ ကို တွေ့ရှိခဲ့ကြောင်း ပါရှိသည်။
အာဏာပိုင်များက အဆိုပါ ဘိန်းဖြူများသည် တရားမဝင် ဈေးကွက်၌ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ခန့် ရှိကြောင်း ပြောကြားခဲ့သည်။
ယင်း ကုန်တင်ကားအား မောင်းနှင်လာသည့် အသက် ၄၂ နှစ်အရွယ် အီရန်နိုင်ငံသား အား ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)