Connect with us

Europe

နေတိုး (NATO) သည် ရုရှားနိုင်ငံနှင့် လာမည့် တစ်ပတ်တွင် ကောင်စီ အစည်းအဝေး ကျင်းပမည်

နေတိုး(NATO)- ရုရှား ကောင်စီ အစည်းအဝေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

နေတိုး (NATO) ၏ အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုး (NATO) သည် ရုရှားနိုင်ငံ နှင့် သံတမန် အဆင့် နေတိုး (NATO)- ရုရှား ကောင်စီ အစည်းအဝေးပွဲအား လာမည့် အပတ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်တွင် ကြေညာခဲ့သည်။

ဝါဆောမြို့တွင် ပြုလုပ်မည့်် နေတိုး (NATO) ညီလာခံ ပြီးနောက် အဆိုပါ ကောင်စီ အစည်းအဝေးပွဲအား နေတိုး (NATO) ရုံးချုပ် တည်ရှိရာ ဘရပ်ဆဲလ်မြို့တွင် ဇူလိုင်လ ၁၃ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နေတိုး (NATO) အကြီးအကဲက နေတိုး (NATO)- ရုရှား ကောင်စီ အစည်းအဝေးပွဲသည် သတင်း အချက်အလက် ဖလှယ်ခြင်း၊ တွေ့ဆုံ ဆွေးနွေးခြင်း၊ တင်းမာမှုများ လျှော့ချရန် နှင့် ကြိုတင် ခန့်မှန်း တွက်ဆမှုများ တိုးတက် စေရန် တို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ရုရှားနိုင်ငံနှင့် နေတိုး (NATO) ၏ လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှု သည် ဆက်လက် ကျန်ရှိနေမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးခြင်းများအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲသည် ယူကရိန်း ပဋိပက္ခ အရေး နှင့် Minsk သဘောတူညီချက်များ အပြည့်အဝ ပြီးမြောက်စေရန် လိုအပ်ချက်များ အပေါ် အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
Stoltenberg က အာဖဂန်နစ္စတန်တွင် လုံခြုံရေး အခြေအနေများ အပါအဝင် ထိခိုက်မှု အန္တရာယ် လျော့ချခြင်း နှင့် ပွင့်လင်းမြင်သာမှုတို့ အပေါ် အဓိကထား၍ စစ်ရေး လှုပ်ရှားမှုများကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေတိုး (NATO)-ရုရှား ကောင်စီ အား ၂၀၀၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တိုင်ပင် ဆွေးနွေးခြင်းများ၊ သဘောတူညီချက်များ တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးတွဲ ဆုံးဖြတ်ချက် ချမှတ်ခြင်း နှင့် ပူးတွဲ လုပ်ဆောင်ခြင်းများ အတွက် ယန္တရားတစ်ခု အဖြစ် လုပ်ဆောင်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.