Connect with us

Europe

ယူကရိန်း နိုင်ငံ အတွက် အမေရိကန် နိုင်ငံက ထိပ်တန်း အလှူရှင် အဖြစ် ရှိနေဆဲ

ယူကရိန်း နိုင်ငံ မြို့ တော် ကိဗ်ရှိ လွတ်လပ်ရေး ရင်ပြင်အား တွေ့ ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အတွင်း ယူကရိန်း နိုင်ငံ အတွက် ထိပ်တန်း ဘဏ္ဍာရေး အလှူရှင် အဖြစ် အမေရိကန် နိုင်ငံက ရှိနေဆဲ ဖြစ်ပြီး စီမံကိန်း ၁၂၄ ခု အတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ခွဲေ၀ သတ်မှတ် လှူဒါန်း ခဲ့ကြောင်း ယူကရိန်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ မတ် ၂၆ ရက်တွင် ထုတ်ပြန်မှု အရ သိရသည်။

၂၀၁၈ ခုနှစ်တွင် ဥရောပ ပြန်လည် ထူထောင်ရေး နှင့် ဖွံ့ဖြိုးမှုဘဏ်က ယူကရိန်း နိုင်ငံ စီးပွားရေး အတွက် အမေရိကန် ဒေါ်လာ ၇၅၉.၇ သန်း ဘဏ္ဍာရေး အကူအညီ ပေးခြင်းဖြင့် ဒုတိယ အများဆုံး အလှူရှင် အဖြစ် ရပ်တည်နေခဲ့ကြောင်း သိရသည်။ဥရောပ သမဂ္ဂက ဘဏ္ဍာရေး ကူငွေ ၅၂၂.၃ သန်းဖြင့် ယူကရိန်း နိုင်ငံ အတွက် တတိယ အများဆုံး အလှူရှင် ဖြစ်ကြောင်း သိရသည်။

ယူကရိန်း နိုင်ငံက နိုင်ငံတကာ အလှူရှင်များ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ၆.၆ ဘီလီယံ တန်ဖိုးရှိသော စီမံကိန်း စုစုပေါင်း ၆၁၈ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယူကရိန်း နိုင်ငံက နိုင်ငံခြား အလှူရှင်များ၏ ခွင့်ပြု ရန်ပုံငွေ အများစုကို နိုင်ငံ လုံခြုံရေး နှင့် ကာကွယ်ရေး ၊ နျူကလီးယား စွမ်းအင် ၊ နိုင်ငံ စီမံခန့်ခွဲမှု နှင့် အရပ်ဘက် အဖွဲ့အစည်း ကဲ့သို့သော နယ်ပယ်များ အတွက် အသုံးပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.