Connect with us

Europe

ဂရိနိုင်ငံဝန်ကြီးချုပ်၏ ရဟတ်ယာဉ်အား တိုက်ခိုက်မှု မလုပ်ကြောင်း တူရကီငြင်းဆို

ဂရိနိုင်ငံဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ်အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံဝန်ကြီးချုပ် ပါရှိသော ရဟတ်ယာဉ်အား Aegean ပင်လယ် တွင် နှောင့်ယှက်တိုက်ခိုက်မှု၌ တူရကီရဟတ်ယာဉ်များ ပါဝင်ခြင်းမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ၏ ပြောကြားကြားချက်ကို state-run Anadolu Agency ကမတ်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မတ်လ ၂၅ ရက် နေ့တွင် Agathonisi ကျွန်းသို့ သွားသည့် ဂရိနိုင်ငံဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ် (Alexis Tsipras) လိုက်ပါလာသော ရဟတ်ယဉ် သည် တူရကီနိုင်ငံ ၏ Mediterranean ပင်လယ်ကမ်းရိုးတန်းမှ မိုင်အနည်းငယ်အကွာတွင် တူရကီဂျက်လေယာဉ်များက အသံများပေး၍ နှောက်ယှက်ခဲ့ကြောင်း ဝန်ကြီးချုပ် က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“တရကီဂျက်လေယာဉ်တွေက ဂရိဂျက်လေယာဉ်တွေ ရောက်လာတဲ့အထိ ကျွန်တော်တို့ ရဟတ်ယာဉ်ကို အမြင့်ပေနိမ့်သွားအောင် နှောင့်ယှက်တိုက်ခိုက်ခဲ့ကြတယ်’’ ဟု Tsipras ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.