Connect with us

Europe

ယူကရိန်း ယာဉ်တိုက်မှု လူ၅ဦးသေ၊ ၆ဦးဒဏ်ရာရရှိ

ယူကရိန်းတွင်ဖြစ်ပွားခဲ့သည့် လူအုပ်အတွင်းသို့ ယာဉ်ဝင်တိုက်မှုဖြစ်စဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိယတ်ဗ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Kharkiv မြို့တွင် အောက်တိုဘာ ၁၈ ရက်က လမ်းသွားလမ်းလာများအား ယာဉ်တစ်စီးဖြင့်ဝင်တိုက်မိ၍ အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကနဦးအချက်အလက်များအရ ယာဉ်မတော်တဆမှုသည် ဒေသစံတော်ချိန် ည ၈း၄၅နာရီတွင်ဖြစ်ပွားခဲ့ပြီး SUV အမျိုးအစားယာဉ်တစ်စီးသည် ပလက်ဖောင်းပေါ်ကျော်တက်လာပြီး လမ်းသွားလမ်းလာများအား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် ၂ဦးမှာအခြေအနေစိုးရိမ်ရကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်း ကို တိကျစွာသိရှိခြင်းမရှိသေးသော်လည်း မျက်မြင်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်အရ SUV ယာဉ်သည် အခြားယာဉ်တစ်စီးအားတိုက်မိပြီးနောက် ပလက်ဖောင်းကိုကျော်၍ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း လူမှုကွန်ရက်သတင်းဋ္ဌာနတစ်ခုက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်အား လမ်းစည်းကမ်းချိုးဖောက်မှု စွဲချက်များဖြင့် တရားစွဲဆိုထားပြီး ကားမောင်းသူ အမျိုးသမီးအား ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.