Connect with us

Europe

ဒိန်းမတ်တွင် လေယာဉ်ငယ်တစ်စီး ပျက်ကျရာ လူ ၂ဦးသေဆုံး

ဒိန်းမတ်နိုင်ငံတွင် ယခင်ကပျက်ကျခဲ့သည့် အပေါ့စားလေယာဉ်ငယ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုပင်ဟေဂင်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မြို့ အနောက်ဘက် ၇၀ကီလိုမီတာ အကွာ Holbaek မြို့အနီးတွင် အပေါ့စား လေယာဉ်တစ်စီး အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းက ပျက်ကျခဲ့ရာ အမျိုးသား ၂ဦး သေဆုံးကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။

ဇီလန်မြို့ အလယ်ပိုင်းနှင့် အနောက်ပိုင်း ရဲတပ်ဖွဲ့က ဒေသစံတော်ချိန် ညနေ ၅း၁၈နာရီတွင် လေယာဉ်ပျက်ကျသည့် သတင်းပေးချက်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကား၍ ဒိန်းမတ်သတင်းဋ္ဌာန Ritzauက ဖော်ပြခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးမှာ အသက် ၅၆နှစ် နှင့် ၆၁နှစ် အသီးသီးရှိကြပြီး နှစ်ဦးစလုံးသေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များထံ အကြောင်းကြားထားကြောင်း Ritzau ကဖော်ပြခဲ့သည်။

လေယာဉ်သည် ကိုပင်ဟေဂင်မြို့ အနောက်ဘက် ၄၀ကီလိုမီတာ အကွာ ရှိ Roskilde လေဆိပ်မှ ညနေ ၄း၅၀နာရီတွင် ထွက်ခွာလာခဲ့ကြောင်း သတင်း၌ပါရှိသည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.