Connect with us

Europe

ရီးယဲ မက်ဒရစ်နှင့် ၂၀၂၁ ခုနှစ်အထိ ခရစ္စတီယာနို ရော်နယ်ဒို စာချုပ်ချုပ်ထား

ီးယဲ မက်ဒရစ် ဘောလုံး အကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ဘောလုံး အကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို (Christiano Ronaldo) နှင့် ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းအထိ စာချုပ်ချုပ်ဆိုထားကြောင်း ရီးယဲမက်ဒရစ် ဘောလုံးကလပ်က နိုဝင်ဘာလ ၆ ရက်က အတည်ပြု ပြောကြားလိုက်ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် ရော်နယ်ဒိုသည် ၎င်း၏ အသက် ၃၆ နှစ်အရွယ်အထိ Santiago Bernabeu အားကစားရုံ၌ ဆက်လက် ရှိနေနိုင်မည့် သဘောတူ စာချုပ်သစ်အား နိုဝင်ဘာလ ၇ ရက်၌ လက်မှတ်ရေးထိုးမည် ဖြစ်သည်။

ယခု စာချုပ်သစ်သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည့် ယခင် စာချုပ်အား သုံးရာသီစာအတွက် သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်အရ ရီးယဲမက်ဒရစ်အနေဖြင့် ၎င်း၏ အဓိက အားကစားသမားအားလုံးနီးပါးကို အခိုင်အမာ ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟူသည့် အဓိပ္ပါယ်ဖြစ်ကြောင်း၊ ရီးယဲ၏ အခြား အဓိက အားကစားသမားများဖြစ်သော Tony Kroos, Luka Modric, Lucas Vazquez နှင့် Gareth Bale တို့သည်လည်း ပြီးခဲ့သည့် သီတင်းပတ်က စာချုပ်သစ်များ အသီးသီး ချုပ်ဆိုထားကြောင်း သိရသည်။

လီဂန်းစ် အသင်းအား မက်ဒရစ်က ၃ ဂိုး ၀ (3-0) ဖြင့် အနိုင်ရရှိခဲ့ပြီး နာရီများစွာ အကြာ၌ ထိုသို့ သတင်းများ ထွက်လာခဲ့ပြီး ၂၀၁၆-၂၀၁၇ လာလီဂါ ဘောလုံး ရာသီတွင် ဗိုလ်စွဲနိုင်စေရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.