Connect with us

Europe

မြေထဲပင်လယ်တွင် သေဆုံးသူအရေအတွက် ၄ဝဝဝ ဦး နီးပါးရှိလာဟု IOM ပြော

မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ဂရိနိုင်ငံ Lesbos ကျွန်းသို့ ဝင်ရောက်လာသော ရွှေ့ ပြောင်းနေထိုင်သူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ထဲ၌ သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၃,၉၄ဝ ဦးထိ ရှိလာပြီဖြစ်ကြောင်း IOM ခေါ်နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများအဖွဲ့က နိုဝင်ဘာလ ၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

IOM အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ အီတလီနိုင်ငံ နှင့် မြောက်အာဖရိကတိုက်အကြား ဆက်သွယ်ပေးသည့် မြေထဲပင်လယ် အလယ်ပိုင်း၌ သေဆုံးခဲ့သူ ဦးရေမှာ ၃၄၆၃ ဦးရှိကြောင်း သိရသည်။

ဂရိနှင့်တူရကီနိုင်ငံကို ပိုင်းခြားထားသော မြေထဲပင်လယ် အရှေ့ပိုင်းကို ဖြတ်ကျော်စဉ် သေဆုံးသူ ၄၁၅ ဦးအထိ ရှိသော်လည်း အာဖရိကအနောက်ပိုင်းလမ်းကြောင်း နှင့် မြေထဲပင်လယ်အနောက်ပိုင်း လမ်းကြောင်းများမှတဆင့် ဖြတ်ကျော်ဝင်ရောက်လာပြီးသေဆုံးခဲ့ရသူပေါင်းမှာ ၆၂ ဦးသာ ရှိကြောင်းသိရသည်။

၂ဝ၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ကိုဖြတ်၍ ရေကြောင်းခရီးဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချသူဦးရေ သေဆုံးမှုနှုန်းသည် ၂ဝ၁၅ ခုနှစ် အလားတူကာလထက် ပို၍ များပြားကြောင်း ၊ ယခင်နှစ်က ယခုလိုအချိန်မျိုးတွင် ၃၇ဝ၂ ဦး ရှိကြောင်း သိရသည်။ သို့သော် မြေထဲပင်လယ်ကိုဖြတ်၍ လိုရာခရီးသို့ရောက်ရှိသွားသူ ဦးရေမှာလည်း ယခုနှစ်တွင် သိသိသာသာ လျော့နည်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ရေလမ်းခရီးဖြင့် ဥရောပတိုက်သို့ဝင်ရောက်နိုင်ခဲ့သော ရွှေ့ပြောင်းအခြေချသူဦးရေမှာ ၃၃၃,၄ဝဝ ဦး ရှိခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် ဝင်ရောက်နိုင်ခဲ့သော ၇၂၈,၉၂၆ ဦးရေထက် လျော့ကျသွားကြောင်း IOM စာရင်းများအရ သိရသည်။

၂ဝ၁၅ ခုနှစ်ကုန်ထိ ဥရောပတိုက်သို့ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချသူများ နှင့် ဒုက္ခသည်ဦးရေ မှာ လူပေါင်း ၁ သန်းကျော် ရှိကြောင်း နှင့် အများစုမှာ ဂရိနိုင်ငံသို့ရောက်ရှိသွားသူများဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.