Europe
လန်ဒန်ဘူတာရုံတွင် ရထားလိုင်းများအားလုံး ပိတ်ထားသဖြင့် ခရီးသည်များစွာ သောင်တင်နေ

လန်ဒန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Euston ဘူတာရုံတွင် သြဂုတ် ၈ ရက်က အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ဘူတာအဝင်၊ အထွက် လုပ်ငန်းများအားလုံး ဆိုင်းငံ့ထားသဖြင့် ခရီးသည်များစွာ သောင်တင်လျက်ရှိကြောင်း သိရသည်။
လန်ဒန်၏ ငါးခုမြောက် လူသုံးအများဆုံး ဘူတာဖြစ်သည့် Euston ဘူတာမှ ထွက်ခွာမည့် ရထားစဉ်အားလုံးမှာ လတ်တလော ခရီးစဉ်နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းခြင်းများ ပြုလုပ်ထားသည်ဟု ဆိုသည်။
ဘူတာရုံ၏ အချက်ပြစနစ် ချို့ယွင်းမှုဖြစ်ခဲ့ပြီး သြဂုတ်လ ၈ ရက် ဗြိတိန်စံတော်ချိန် ည ၈း၀၀ နာရီအထိ လုပ်ငန်းများ နှောင့်နှေးနိုင်မည်ဖြစ်ကြောင်း အမျိုးသား မီးရထားလုပ်ငန်းက ပြောခဲ့သည်။
ထို့ပြင် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ မန်ချက်စတာအပါအဝင် အခြားဘူတာများတွင်လည်း Euston သို့ မသွားရောက်နိုင်သဖြင့် ရထားခရီးစဉ်များအား ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
Watford Junction ရှိ ဘူတာများသို့သွားမည့် ခရီးသည်များအနေဖြင့် ၎င်းတို့၏ လက်မှတ်များအား Chiltern Railways, London Northwestern, London Underground, Thameslink နှင့် Southern ရှိ ခရီးစဉ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။