Connect with us

Europe

လန်ဒန်မြို့ အနောက်မြောက်ပိုင်းတွင် အမျိုးသားတစ်ဦး အသတ်ခံရ

လန်ဒန်မြို့တွင်း အခင်းဖြစ်ပွားရာနေရာအား ရဲများ လုံခြုံရေးဆောင်ရွက်စဉ်(ဆင်ဟွာ)

လန်ဒန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အနောက်မြောက်ပိုင်းတွင် အမျိုးသားတစ်ဦး ဓားနှင့် ထိုး သတ်ခံခဲ့ရကြောင်း ဒေသခံ မီဒီယာများက သြဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Camdenခရိုင် Munsterရင်ပြင်၌ သြဂုတ် ၁၂ ရက် ညပိုင်းက အဆိုပါ အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားနှင့် ထိုးခံရသူသည် သေဆုံးနေပြီး အခင်းဖြစ်ပွားရာနေရာအား ရဲတပ်ဖွဲ့က အတားအဆီးများဖြင့် ပိတ်ထားလိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသေဆုံးမှုအား စုံစမ်းစစ်ဆေးမှု စတင်လုပ်ကိုင်နေပြီး တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနှင့် သေဆုံးသူ၏ အသက်အရွယ်နှင့် အခြားအသေးစိတ် အချက်အလက်များ မသိရှိရသေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117