Europe
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရဲတပ်ဖွဲ့ဝင်များအား ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ကင်မရာများ တပ်ဆင်မည်
ဆစ်ဒနီ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
၂၀၂၀ ခုနှစ်မတိုင်မီ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် ၁၁၀၀၀ ဦးအား ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော ကင်မရာများ တပ်ဆင်ထားနိုင်မည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆိုင်ရာ ပြည်နယ်ဝန်ကြီးက သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ကင်မရာများသည် ပြည်သူ့လုံခြုံရေး Package သြစတြေးလျဒေါ်လာ ၅၉၆ သန်း (အမေရိကန်ဒေါ်လာ ၄၃၄ သန်း) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
Ballarat မြို့ Epping မြို့ရှိ ကျေးလက်စင်တာများတွင် ကင်မရာ ၁၅၀ ဖြင့် သီတင်းပတ်ခြောက်ပတ်ကြာ စမ်းသပ်မှု အောင်မြင်ပြီးနောက် ဗစ်တိုးရီးယားပြည်နယ်ရဲတပ်ဖွဲ့ဆိုင်ရာ ဝန်ကြီး Lisa Neville က ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
“ခန္ဓာကိုယ်တွင် တပ်ဆင်နိုင်တဲ့ ကင်မရာတွေက လူမှုအသိုင်းအဝိုင်း ဘေးကင်းရေးကို အခိုင်အမာကူညီနိုင်ခြင်း၊ သက်သေစုဆောင်းခြင်းနဲ့ တာဝန်ယူမှုတိုးတက်ခြင်းနဲ့ ရဲတပ်ဖွဲ့နဲ့ လူမှုအသိုင်းအဝိုင်းအကြား တုန့်ပြန်မှုပိုကောင်းလာစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုနှစ်မကုန်မီတွင် ရဲစခန်း ၅၉ ခုတွင် ကင်မရာ ၈၀၀ ခန့် ရရှိနိုင်မည် ဖြစ်ပြီး လာမည့်နှစ်တွင် စီမံကို ပြည့်ဝစွာ လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)