Connect with us

Europe

နိုင်ငံတကာအာကာသစခန်း နှင့် ချိတ်ဆက်ထားသော ရုရှားအာကာသယာဉ်တွင် လေယိုစိမ့်မှုဖြစ်ပွား

နိုင်ငံတကာ အာကာသစခန်း (ISS) အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အာကာသစခန်း (ISS) မှ အာကာသယာဉ်မှူးများသည် ISS နှင့် ချိတ်ဆက်ထားသော ရုရှား Soyuz အာကာသယာဉ် ၌ လေယိုစိမ့်မှုတစ်ခုဖြစ်ပွားနေသည်ကို သိရှိခဲ့ကြောင်း ရုရှားနိုင်ငံ အာကာသကော်ပိုရေးရှင်း Roscosmos က သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။

သြဂုတ် ၂၉ ရက် ညပိုင်းတွင် အာကာသစခန်း၌ လေဖိအားကျဆင်းမှု တစ်ခုဖြစ်ပွားခဲ့ရာ ရုရှားအာကာသယာဉ်၌ အာကာသယာဉ်မှူး ၆ဦး စလုံး စုဝေးပြီး Soyuz MS-09 အာကာသယာဉ်ပေါ်တွင် အပေါက်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Roscosmos ခေါင်းဆောင် Dmitry Rogozin ကပြောကြားခဲ့သည်။

အဆိုပါ အပေါက်ငယ်သည် ဥက္ကာပျံငယ်တစ်ခုကြောင့် ဖြစ်ပေါ်နိုင်ခဲ့ခြေရှိပြီး အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိကြောင်း၊ အာကာသယာဉ်မှူးများအနေဖြင့် အာကာသအပြင်သို့ ထွက်စရာမလိုဘဲ ယင်းအပေါက်အား အထဲမှပင် ပြန်လည်ဖာထေးခဲ့ကြောင်း Rogozin ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.