Connect with us

Europe

ဟယ်ရီပေါ်တာ နှစ် ၂၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ပြပွဲ ဗြိတိသျှ စာကြည့်တိုက် ကျင်းပ

ဟယ်ရီပေါ်တာနှင့် ပရော်ဖက်ဆာ စတုန်း ဝတ္တု စာအုပ် ဖတ်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- ဗြိတိသျှ စာကြည့်တိုက်)

လန်ဒန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ ဟယ်ရီပေါ်တာနှင့် ပရော်ဖက်ဆာ စတုန်း ဝတ္ထု ထုတ်ဝေခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲအား ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီတွင် ပြုလုပ်ရန်ရှိကြောင်း ဗြိတိသျှ စာကြည့်တိုက်က သြဂုတ်လ ၉ ရက်က ကြေညာလိုက်သည်။

အေဒီ ၁၁၀၀ မှ ၁၄၀၀ ခန့် ကာလက ဒဏ္ဍာရီလာ နဂါးများနှင့် သတ္တဝါများအား သရုပ်ဖော်ပြသခြင်း၊ ပရော်ဖက် ဆာ စတုန်း၏ မူလ ဇစ်မြစ် စသည်တို့အား ပြပွဲတွင် ခင်းကျင်းပြသထားမည် ဖြစ်ပြီး ဟယ်ရီပေါ်တာ ဝတ္တုများ၏ နှလုံးဗဟိုချက်ရှိရာသို့ စာဖတ်သူများအား ခေါ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါ ဟယ်ရီပေါ်တာ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲ၌ အံ့သြဖွယ် မှော်ဝတ္တုများ ပြသခြင်း၊ လက်ရေးစာမူ များနှင့် အရာဝတ္တုများ၊ ဇာတ်ကား ရိုက်ကူးစဉ်က အသုံးပြုခဲ့သည့် Bloomsbury ထုတ်လုပ်ရေးနှင့် ဂျေကေ ရိုးလင်း မော်ကွန်းတိုက်မှ မူရင်း ပစ္စည်းများ နှင့်အတူ ဗြိတိသျှ စာကြည့်တိုက်ပိုင် မှော်ပစ္စည်းများအား ဟယ်ရီ ပေါ်တာ ချစ်သူများကို ပြသသွားမည် ဖြစ်ကြောင်း ဗြိတိသျှ စာကြည့်တိုက်၏ ယဉ်ကျေးမှုနှင့် လေ့လာရေး ဋ္ဌာနမှူး ဂျေမီ အင်ဒရူးက ပြောသည်။
ထို့ပြင် Bloomsbury ကလေးစာပေ ထုတ်ဝေခြင်း ဒါရိုက်တာနှင့် အယ်ဒီတာချုပ် ရေဗက္ကာ မက်နယ်လီက ဗြိတိသျှ စာကြည့်တိုက်သည် စာပေ ချစ်သူများအတွက် မှော်ဝင် နေရာ တစ်ခုဖြစ်ကြောင်း ၎င်း၏ အမြင်အား ပြောကြားခဲ့သည်။
ဟယ်ရီပေါ်တာ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.