Connect with us

Europe

ပေါ့ဘာအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်ယူခေါ်ယူ

မန်ယူအသင်းမှ ဝယ်ယူလိုက်သည့် ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာ အားတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဂျိုစ့်မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ(Paul Pogba) အား မန်ယူအသင်းမှ ပိုင်ဆိုင်သွားပြီးဖြစ်ကြောင်း ၊ ပေါ့ဘာသည် မန်ယူအသင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း အသင်းပိုင် အင်တာနက်စာမျက်နှာပေါ်တွင် သြဂုတ် ၉ ရက်က ကြွေးကြော်ပြောဆိုလိုက်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာ အား အီတလီနိုင်ငံ ဂျူဗင်တပ်စ် ကလပ်အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၉ သန်း ( အမေရိကန်ဒေါ်လာ ၁၁၈ သန်း) ဖြင့် ၅ နှစ်စာချုပ် ချုပ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၃ ခုနှစ်က ရီယဲလ်မက်ဒရစ်အသင်းသည် တော့တင်ဟမ်အသင်းကစားသမား ဂါရက်ဘေးလ်၏ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၅ သန်းကို ကျော်ဖြတ်၍ ပေါ့ဘာသည် ဘောလုံးသမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင်ပြောင်းရွှေ့ကြေးစံချိန်တစ်ရပ်ကို တင်နိုင်ခဲ့ခြင်းဖြစ်သည်။
“ သူ့မှာ အရည်အချင်း ဘက်ပေါင်းစုံ အားလုံး ရှိတယ်” ဟု မော်ရင်ဟို က ပေါ့ဘာ အားချီးကျူးစကားဆိုခဲ့သည်။ “ ဒါပေမယ့် သူ ကသိပ်ငယ်သေးတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ကွင်းလယ်မှာ မယုံနိုင်လောက်အောင် ထူးချွန်းတဲ့ကစားသမားပါ။ တစ်ပြိုင်တည်းမှာပဲ လျင်မြင်မှု ၊ ပူးပေါင်းဆောင်ရွက်မှု နဲ့နည်းစနစ်ပိုင်းကျွမ်းကျင်မှုကလည်း ပြောစရာမလိုအောင်ပါပဲ ။ သူ အသင်း နဲ့လိုက်လျောညီထွေဘယ်လို ကစားမယ်ဆိုတာကို လေ့လာဖို့လိုသလို အသင်းဖက်ကလည်း သူနဲ့အတူဘယ်လိုကစားမလဲ လေ့လာရမယ်” ဟု မော်ရင်ဟိုက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.