Europe
အီတလီ နိုင်ငံ အစိုးရ အဖွဲ့သစ် စတင် တာဝန် ထမ်းဆောင်ကြောင်း သမ္မတ အိမ်တော် တွင် ကျမ်းသစ္စာ ကျိန်ဆို

ရိုးမား ၊ ဇွန် ၂ ရက် (ဆင်ဟွာ)
အီတလီ နိုင်ငံ အစိုးရ အဖွဲ့သစ် က စတင် တာဝန် ထမ်းဆောင်ကြောင်း ဇွန်လ ၁ ရက်နေ့ ညနေပိုင်း အချိန်တွင် သမ္မတ အိမ်တော် တွင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီး Giuseppe Conte မှ နိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။
Giuseppe Conte ဦးဆောင်သည့် အစိုးရ သစ်တွင် ဝန်ကြီး ၁၈ ဦး ပါဝင်ပြီး ၅ ဦး မှာ အမျိုးသမီးများ ဖြစ်ကြသည်။ ကြယ်ငါးပွင့် လှုပ်ရှားမှု ပါတီ (Five Star Movement) ခေါင်းဆောင် Luigi Di Maio နှင့် အဖွဲ့ချုပ် ပါတီ ခေါင်းဆောင် Matteo Salvini တို့က အစိုးရ အဖွဲ့သစ် တွင် ဒုတိယ ဝန်ကြီး ချုပ် အဖြစ် တာဝန်ထမ်းဆောင် ကြသည်။ ထို့ပြင် Luigi Di Maio က စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာန ဝန်ကြီး တာဝန်အား ပူးတွဲ ထမ်းဆောင်မည်ဖြစ်ပြီး Matteo Salvini က ပြည်ထဲရေး ဝန်ကြီး ဌာန ဝန်ကြီး တာဝန်ကို ပူးတွဲ ထမ်းဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။
အီတလီ နိုင်ငံ သမ္မတ Sergio Mattarella က မေလ ၃၁ ရက်နေ့ ၌ ကြယ်ငါးပွင့် လှုပ်ရှားမှု ပါတီ နှင့် အဖွဲ့ချုပ် ပါတီ တို့မှ တင်မြှောက် သည့် Giuseppe Conte အား ဝန်ကြီးချုပ် အဖြစ် တာဝန်ခန့်အပ် ခဲ့ခြင်း ဖြစ်ပြီး အီတလီ နိုင်ငံ အတွင်း အချိန် ၃ လ ခန့် ကြာမြင့်ခဲ့သည့် အစိုးရသစ် ဖွဲ့စည်းမှု ကို အဆုံးသတ် နိုင်ခဲ့ခြင်း ဖြစ်သည်။(Xinhua)