Connect with us

Europe

ရုရှား နိုင်ငံ သမ္မတ ပူတင် က အီးယူ အဖွဲ့အစည်း အား ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ကို ဖျက်သိမ်း ပေးရန် တိုက်တွန်း

ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် သြစတြီးယား နိုင်ငံ သမ္မတ Alexander Van der Bellen တို့အား သတင်းစာရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ဇွန်လ ၅ ရက်နေ့ ၌ သြစတြီးယား နိုင်ငံ သို့ သွားရောက် လည်ပတ် နေစဉ် အတွင်း အီးယူ အဖွဲ့အစည်း အနေဖြင့် ရုရှား နိုင်ငံ အပေါ် ဆောင်ရွက်နေသည့် အရေးယူ ပိတ်ဆို့မှု များအား ဖျက်သိမ်း ပေးသင့်ကြောင်း နှင့် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခြင်း သည် မည်သည့်ဖက် ကိုမှ အကျိုးမရှိစေကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် ၏ သြစတြီးယား နိုင်ငံ သို့ သွားရောက် လည်ပတ်ခြင်း က ၎င်း အနေဖြင့် သမ္မတ ရာထူး အား ပြန်လည် ရွေးချယ် ခံရပြီး နောက် ပထမ ဦး ဆုံး နိုင်ငံခြား ခရီးစဉ် တစ်ခု ဖြစ်သည်။ ပူတင် အနေဖြင့် သြစတြီးယား နိုင်ငံ သို့ ရောက်ရှိစဉ် သြစတြီးယား နိုင်ငံ သမ္မတ နှင့် ဝန်ကြီးချုပ် တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ နှင့် အီးယူ အကြား ဆက်ဆံရေး တင်းမာ နေချိန်တွင် ရုရှား နိုင်ငံ နှင့် သြစတြီးယား နိုင်ငံ တို့၏ အီးယူ မှ ရုရှား နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း အပေါ် သဘောထား ရပ်တည်မှု ကို လူအများ ၏ စိတ်ဝင်စားမှု ခံခဲ့ရသည်။ ရုရှား နိုင်ငံ သမ္မတ ပူတင် က သြစတြီးယား နိုင်ငံ သမ္မတ Alexander Van der Bellen နှင့် တွေ့ဆုံမှု ပြုလုပ်ပြီးနောက် ကျင်းပ သည့် သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံရေး အရ ဆောင်ရွက်သည့် ပိတ်ဆို့အရေးယူမှု အားလုံးသည် အပေါ်ယံ သက်ရောက်မှု သာ ဖြစ်ပွား စေမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် စလုံးကိုလည်း ထိခိုက်မှု ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.