Connect with us

Europe

အီးယူနှင့် တရုတ်နိုင်ငံက နိုင်ငံစုံပါဝင်ရေးမူဝါဒအတွက် သာဓကအဖြစ် တည်ရှိလိုကြောင်း မာကဲပြော

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် အန်ဂျလာမာကဲအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လိုကြောင်းနှင့် နိုင်ငံစုံပါဝင်ရေးမူဝါဒအတွက် သာဓကတစ်ခုအဖြစ် တည်ရှိလိုကြောင်း ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲက ဩဂုတ် ၂၈ ရက်၌ ပြောခဲ့သည်။ 

ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ တစ်ဖက်သတ်မူဝါဒကဲ့သို့ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ရန် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို မည်သို့လုပ်ဆောင်သွားမည်ဆိုသည့် ဆင်ဟွာသတင်းဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ မေးမြန်းမှုကို ဖြေကြားရာ၌ မာကဲက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ 

 

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် အန်ဂျလာမာကဲအား တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်မတို့ ရာသီဥတု ကာကွယ်ရေးနယ်ပယ်တွေမှာ အတူတကွ နီးကပ်စွာ လုပ်ကိုင်နိုင်ဖို့ ဖြစ်နိုင်ခြေများစွာ ရှိနေတယ်” ဟု မာကဲက ဆိုသည်။ ထို့ပြင် နှစ်ဘက်အနေဖြင့် နှစ်များစွာ ဆွေးနွေးညှိနှိုင်းမှုများပြီးနောက် အီးယူ-တရုတ် ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အပေါ်တွင် ပိုမိုတိုးတက်စေရန် လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း မာကဲက ဖြည့်စွက်ပြောကြားခဲ့သည်။ 

လက်ရှိတွင် ဂျာမနီနိုင်ငံသည် ယခုနှစ်ဒုတိယနှစ်ဝက်တွင် ဥရောပသမဂ္ဂကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် ခြောက်လတာ တာဝန်ယူလျက်ရှိပြီး တရုတ်နိုင်ငံသည် ယခုကာလအတောအတွင်း အီးယူ၏ ပြည်ပရေးရာမူဝါဒ အဓိက ဦးတည်ချက်ဖြစ်ကြောင်း မာကဲက အစောပိုင်းက ပြောကြားခဲ့သည်။ 

အီးယူအနေဖြ်င့ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အီးယူနှင့် တရုတ်နိုင်ငံတို့သည် မတူညီသောရှုထောင့်များရှိရာ အကြောင်းအရာများ၌ ဆွေးနွေးမှုများ လုပ်ဆောင်သွားသင့်ကြောင်း မာကဲက ဆိုသည်။ “ကျွန်မတို့ ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်လိုပြီး မျှတတဲ့မူဘောင်အခြေအနေများနဲ့ နိုင်ငံစုံပါဝင်ရေးမူဝါဒအတွက် သာဓကတစ်ခုအဖြစ် တည်ရှိသွားချင်ပါတယ်” ဟု မာကဲက ပြောခဲ့သည်။  (Xinhua)