Connect with us

Europe

တရုတ်နိုင်ငံက နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ တင့်ကားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲတက်ရောက်

International Army Games 2020 တင့်ကားပြိုင်ပွဲတွင် တရုတ် နိုင်ငံ တင့်ကားအဖွဲ့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ (International Army Games 2020) ၏ တင့်ကားတစ်စီးချင်းယှဉ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ တင့်ကားအဖွဲ့က အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ 

တင့်ကား တစ်စီးချင်းပြိုင်ပွဲတွင် နိုင်ငံ ၁၆ နိုင်ငံမှ တင့်ကားပေါင်း ၄၅ စီး၏ အဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံမှ တင့်ကားသုံးစီး၏ အဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ယှဉ်ပြိုင်မှုများပြီးဆုံးကာ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။ 

 International Army Games 2020 တင့်ကားပြိုင်ပွဲတွင် တရုတ် နိုင်ငံ တင့်ကားအဖွဲ့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

 International Army Games 2020 တင့်ကားပြိုင်ပွဲတွင် တရုတ် နိုင်ငံ တင့်ကားအဖွဲ့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

 International Army Games 2020 တင့်ကားပြိုင်ပွဲတွင် တရုတ် နိုင်ငံ တင့်ကားအဖွဲ့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

 International Army Games 2020 တင့်ကားပြိုင်ပွဲတွင် တရုတ် နိုင်ငံ တင့်ကားအဖွဲ့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

တင့်ကားပြိုင်ပွဲကို တစ်စီးချင်းပြိုင်ပွဲနှင့် လက်ဆင့်ကမ်းပြိုင်ပွဲဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ကျင်းပခြင်းဖြစ်သည်။ တင့်ကားလက်ဆင့်ကမ်းပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ International Army Games 2020 ကို ရုရှား၊ ဘဲလာရုစ်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဥဇဘက်ကစ္စတန် စသည့်နိုင်ငံများ၌ ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။ 

အဆိုပါ ပြိုင်ပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ အဖွဲ့ ၁၅၆ ဖွဲ့က ပြိုင်ပွဲဝင် ၅,၀၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။  ယင်းပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ အဖွဲ့ခြောက်ဖွဲ့သည် ပြိုင်ပွဲဝင် ၂၆၀ ကျော်ဖြင့် တင့်ကားပြိုင်ပွဲအပါအဝင် ပြိုင်ပွဲခြောက်မျိုးတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117