Connect with us

Europe

ကနေဒါတွင် နေအိမ်မီးလောင်မှုကြောင့် ကလေး ၇ဦးသေဆုံး

ကနေဒါတွင် ကလေးငယ် ၇ဦးသေဆုံးခဲ့သည့် နေအိမ်မီးလောင်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အော့တိုဝါ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Halifax မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်မှုကြောင့် ကလေးငယ် ၇ဦးသေဆုံးသွားခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့သည်။

Halifax မြို့ Spryfield ဧရိယာရှိ အသစ်တည်ဆောက်ထားသော လူနေရပ်ကွက်တစ်ခု ၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁နာရီတွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်သည် ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။အဆိုပါ နေအိမ်တွင် ဆီးရီးယားဒုက္ခသည်များအဖြစ် ကနေဒါနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် မိသားစုတစ်စု မှ ကလေးငယ် ၇ဦး သေဆုံးခဲ့ပြီး ယင်းကလေးငယ်များသည် အသက် ၃လ မှ အသက် ၁၇နှစ်အထိ ဖြစ်ကြကြောင်း သိရသည်။ဒဏ်ရာအခြေအနေပြင်းထန်သော အမျိုးသားတစ်ဦး နှင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော အမျိုးသမီးတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.