Connect with us

Europe

ကနေဒါလေဆိပ်တွင်လေယာဉ် ၂စီးတိုက်မိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိ

ကနေဒါလေဆိပ်တွင်လေယာဉ် ၂စီးတိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုရန်းတို၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်းတို ပီယာဆန်လေဆိပ် တွင် ဇန်နဝါရီ ၅ရက် ညပိုင်းက လေယာဉ် ၂စင်းတိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ပြည်တွင်းရုပ်သံလိုင်းတစ်ခုက ဖော်ပြခဲ့သည်။

ကနေဒါနိုင်ငံ ဆန်းဝင်းလေကြောင်းလိုင်း (Sunwing Airlines) မှ ပိုင်ဆိုင်သည့် လေယာဉ်တစ်စင်းနှင့် ဝက်စ်ဂျက်လေကြောင်းလိုင်း (WetJet Airline)ပိုင် ဘိုးရင်း ၇၃၇-၈၀၀ တို့သည် လေဆိပ် ထွက်ပေါက် နံပါတ်၃ရှိ ဂိတ်တွင် နောက်သို့ဆုတ်စဉ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်စ်ဂျက်လေယာဉ်အမှုထမ်းများသည် အပူချိန် အနုတ် ၂၁ဒီဂရီစင်တီဂရိတ် ရှိနေသော ညပိုင်းတွင် လေယာဉ်၏ အရေးပေါ်လျှောစောက်လှေကားမှ တစ်ဆင့် ခရီးသည် ၁၆၈ဦးစလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ဆန်းဝင်းလေယာဉ်တွင်မူ ခရီးသည်များမပါရှိဘဲ လေယာဉ်အမှုထမ်းများသာပါရှိပြီး မတော်တဆမှုဖြစ်ပွားပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်၏ အသေးစိတ်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.