Connect with us

Europe

ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ က ရုရှား နိုင်ငံ တပ်စခန်းအား ပထမ ဦးဆုံး အကြိမ် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်

ရုရှား နိုင်ငံ သမ္မတ ပူတင် က ယခင် နှစ် ဒီဇင်ဘာ လပိုင်းတွင် ဆီးရီးယား နိုင်ငံ အခြေစိုက် ရုရှား နိုင်ငံ တပ်စခန်း အား လာရောက် ကြည့်ရှုစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ အတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ က ဇန်နဝါရီ ၅ ရက်နေ့ ညပိုင်း အချိန်တွင် ဆီးရီးယား နိုင်ငံ Hemaimimu နှင့် Tartus ရှိ ရုရှား နိုင်ငံ တပ်စခန်းတို့အား ပေါက်ကွဲစေသည့် ပစ္စည်းများ ပါဝင်သည့် မောင်းသူမဲ့ လေယာဉ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်သည့် ပုံစံဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း မောင်းသူမဲ့ လေယာဉ် အားလုံးကို ရုရှား နိုင်ငံ တပ်ဖွဲ့ က ပစ်ချနိုင်ခဲ့သောကြောင့် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၈ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၅ ရက်နေ့ ညပိုင်းအချိန်၌ ဆီးရီးယား နိုင်ငံ အခြေစိုက် ရုရှား တပ်ဖွဲ့ ၏ လေကြောင်း ကာကွယ်ရေး စနစ် တွင် ဝေဟင်၌ သေးငယ်သည့် ပစ်မှတ် ၁၃ ခု က တပ်စခန်း သို့ ချဉ်းကပ် လာသည်ကို သိရှိခဲ့ကြောင်း ၊ ထိုအတွင်းမှ ၁၀ ခု က Hemaimimu တပ်စခန်း နှင့် ၃ ခု မှာ Tartus တပ်စခန်း သို့ ပျံသန်းလာ ခဲ့ကြောင်း ၊ ယင်းမောင်းသူမဲ့လေယာဉ် များသည် ရုရှား နိုင်ငံ တပ်စခန်း နှင့် ၅၀ ကီလိုမီတာ အကွာအဝေး မှ စတင် ပျံသန်းလားခဲ့ခြင်းဖြစ်ပြီး ၇ စင်း ကို လေကြောင်း ကာကွယ်ရေး ဒုံးကျည် ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ ကျန် ၆ စင်း ကို ရုရှား နိုင်ငံ စစ်တပ် က ထိန်းချုပ် နိုင်ခဲ့ပြီး ၎င်း တို့ အနက် ၃ စင်း ကို မြေပြင် သို့ ရောက်ရှိရပ်နား အောင် ဆောင်ရွက်နိုင်ခဲ့ကာ ကျန် ၃ စင်း က မြေပြင်သို့ ရောက်ရှိစဉ် ပေါက်ကွဲခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ယင်း မောင်းသူမဲ့ လေယာဉ် များသည် ပေါက်ကွဲစေသည့် ပစ္စည်းများ ပါဝင်ပြီး နည်းပညာ မြင့်မားကာ GPS လမ်းညွှန်မောင်းနှင်သည့် စနစ်များ ပါဝင်ကြောင်း ၊ ပေါက်ကွဲစေသည့် ပစ္စည်းများ အား ဖောက်ခွဲသည့် စနစ် မှာလည်း ဆီးရီးယား နိုင်ငံ တွင် မရှိဘဲ အခြား နိုင်ငံ မှ ဖြစ်ကြောင်း ၊ ထိန်းချုပ် နိုင်ခဲ့သည့် မောင်းသူမဲ့ လေယာဉ် များ၏ နည်းပညာ အရ လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် ကီလိုမီတာ ၁၀၀ ကီလိုမီတာ အထိ ပျံသန်း နိုင်ကြောင်း ပါဝင် ခဲ့သည်။

လက်ရှိချိန်တွင် ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့များ က မောင်းသူမဲ့ လေယာဉ်များ နှင့် သက်ဆိုင်ရာ နည်းပညာများကို မည်သို့ ရရှိခဲ့ကြောင်း နှင့် ပေါက်ကွဲစေသည့် ပစ္စည်း နှင့် နည်းပညာများ ကို မည်သို့ ရရှိခဲ့ကြောင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.