Connect with us

Europe

ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နှင့် အီရန် သဘောတူ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ်ဒ် ဇာရစ်ဖ် (ယာ) တို့အား ဆွစ်ဇာလန်နိုင်ငံတွင် ၂၀၁၅ခုနှစ် မတ် ၂၉ ရက် ၌ တွေ့ရစဉ် (ဆင်ဟွာ)

အေသင်၊ ဧပြီ ၂၄ (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သည် ဂရိနိုင်ငံ အေသင်မြို့တွင် ဧပြီ၂၃ ရက်က တွေ့ဆုံခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။

ဧပြီ ၂၄ ရက်တွင် စတင်ကျင်းပမည့် ရှေးဟောင်းလူ့အဖွဲ့အစည်းယဉ်ကျေးမှုဆိုင်ရာ ဖိုရမ်မတိုင်ခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ်ဒ် ဇာရစ်ဖ် တို့ တွေ့ဆုံခဲ့ပြီးနောက် ယင်း သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂရိနိုင်ငံက ကမကထပြု၍ တရုတ်နိုင်ငံနှင့် တွဲဖက်ကျင်းပသော ယင်းဖိုရမ်သို့ တရုတ်နိုင်ငံ နှင့် အီရန်နိုင်ငံအပါအဝင် ရှေးဟောင်းလူ့အဖွဲ့အစည်းယဉ်ကျေးမှု ကို အဓိက ကိုယ်စားပြုသည့် ကမ္ဘာအနှံ့မှ အခြားနိုင်ငံများလည်း တက်ရောက်မည်ဖြစ်ပြီး ယင်းနိုင်ငံများတွင် ဘိုလီဗီးယားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရတ်နိုင်ငံ၊ အီတလီနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ နှင့် ပီရူးနိုင်ငံ တို့ ပါဝင်ကြောင်း သိရသည်။

ဝမ် က တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာ၍ နှစ်နိုင်ငံ၏ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုသည်လည်း တည်ငြိမ်စွာ တိုးတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အောက်တွင် အီရန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုကျယ်ပြန့်စွာလုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး က တရုတ်နိုင်ငံ မှ အဆိုတင်သွင်းခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုအား ကြိုဆိုထောက်ခံပါကြောင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ရန် ရှေးဟောင်းလူ့အဖွဲ့အစည်းယဉ်ကျေးမှုဖိုရမ် တစ်လျှောက် ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို မြှင့်တင်သွားရန် ဆန္ဒရှိပါကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.