Connect with us

Europe

ရုရှားစာသင်ကျောင်းတစ်ခုတွင် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လူ၁ဦးသေ၊ ၁၁ဦးဒဏ်ရာရရှိ

လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စာသင်ကျောင်းသို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တောင်ပိုင်း Dagestanဒေသ ရှိ စာသင်ကျောင်းတစ်ခု တွင် ဧပြီ ၂၄ ရက် က လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား ၁ဦး သေဆုံးပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းပြည်ထဲရေးဝန်ကြီး ကပြောကြားခဲ့သည်။

ကွန်ပြူတာသင်ကြားရေးအခန်း အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးယူဆောင်လာသော ကျောင်းသားတစ်ဦးသည် ယင်းလက်ပစ်ဗုံးအား ဂရုတစိုက် ကိုင်တွယ်ခြင်းမရှိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လူသေဆုံးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် လူ ၁၀ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ၎င်းတို့အနက် ၃ဦးမှာ အခြေအနေပြင်းထန်ကြောင်း သိရသည်။

စာသင်ကျောင်းအတွင်းသို့ လက်ပစ်ဗုံး ယူလာသော ကျောင်းသားအား ထိန်းသိမ်းထားပြီး မည်သည့်နေရာမှ လက်ပစ်ဗုံးအား ရရှိခဲ့ပြီး မည်သည့်အတွက်ကြောင့် စာသင်ကျောင်းသို့ ယူဆောင်လာခြင်းဖြစ်ကြောင်းကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

နိုင်ငံမြောက်ပိုင်း ကော့ကေးဆပ်ပြည်နယ် အတွင်းရှိ Dagestan ဒေသ သည် သောင်းကျန်းသူများ ကျင်လည်ကျက်စားသော ဒေသတစ်ခုဖြစ်ပြီး ပဋိပက္ခများ အမြဲတစေ ဖြစ်ပွားလေ့ရှိသည့် အရှေ့အလယ်ပိုင်းဒေသ နှင့် နီးကပ်စွာရှိနေကာ ဒေသအတွင်း ဆက်တိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်ကဖြစ်ပွားခဲ့သော အဆိုပါလက်ပစ်ဗုံးပေါက်ကွဲမှုသည် မတော်တဆမှုတစ်ခု (သို့မဟုတ်) အကြမ်းဖက်မှု တစ်ခုခု နှင့် ဆက်စပ်နေခြင်း ရှိမရှိကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.