Connect with us

Europe

ဂရိနိုင်ငံ အစိုးရအဖွဲ့ ပြောင်းလဲမှုများအတွက် ဝန်ကြီးချုပ် ဆွေးနွေး၊ အရေးပါသောရာထူးများ အပြောင်းအလဲမရှိဟုဆို

ဂရိနိုင်ငံ ဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

အေသင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ် (Alexis Tsipras) က အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Dimitris Tzanakopoulos က ဂရိ အမျိုးသားအသံလွှင့်ဌာန ERT ရုပ်သံထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၈ ရက်က ကြေညာခဲ့သည်။

အဆိုပါ ရာထူးမှနုတ်ထွက်ရသော ပြည်ထဲရေးဝန်ကြီး Panos Skourletis အား အာဏာရပါတီ SYRIZA အတွင်းရေးမှူးအဖြစ် သြဂုတ်လ ၂၇ ရက်က ပြောင်းလဲခန့်အပ်ခဲ့အပြီး ယခုလို အစိုးရအဖွဲ့အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးအဖွဲ့ အရေးပါသော နေရာများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှာမူ ပြောင်းလဲမှုမရှိကြောင်း သိရသည်။

Skourletis ၏ နေရာ၌ စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexandros Charitsis က အစားထိုးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သြဂုတ်လ ၂၈ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သော Fotis Kouvelis အား ရေကြောင်းဝန်ကြီးသစ် အဖြစ် ခန့်အပ်ခဲ့သည်။

အစိုးရအဖွဲ့အတွင်း အသစ်ခန့်အပ်ခံရသူများအကြား ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသော ဥရောပ ပါလီမန်အဖွဲ့ဝင်ဟောင်း Myrsini Zorba လည်း အပါအဝင်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.