Connect with us

Europe

အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပမည်

အိုင်ယာလန်နိုင်ငံ သမ္မတ Michael D. Higgins အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒပ်ဘလင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအား အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အိုင်ယာလန်နိုင်ငံ အိုးအိမ်၊ စီမံကိန်းနှင့် ဒေသန္တရအစိုးရ ဝန်ကြီး Eoghan Murphy က ရွေးကောက်ပွဲရက်အား ဒေသခံမီဒီယာ RTE နှင့် တွေ့ဆုံမေးမြန်းစဉ် အတည်ပြုပြောကြားခဲ့သည်။

ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းများ၏ အမည်စာရင်းတင်သွင်းခြင်းကို စက်တင်ဘာလ ၂၆ ရက်တွင် ပိတ်သိမ်းမည် ဖြစ်ပြီး နောက်တစ်လအကြာတွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိုင်ယာလန် ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနေဖြင့် အနည်းဆုံး ဒေသတွင်း အာဏာပိုင် လေးဦး၏ ထောက်ခံချက် သို့မဟုတ် အနည်းငယ် လွှတ်တော်အမတ် ၂၀ ဦး ကျောထောက်နောက်ခံပေးထားရမည်ဖြစ်ပြီး လက်ရှိသမ္မတလည်း ၎င်းကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်ရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း သိရသည်။

အိုင်ယာလန်နိုင်ငံ လက်ရှိ သမ္မတ Michael D. Higgins သည် ၎င်း၏ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ အသက် ၇၇ နှစ်ရှိပြီဖြစ်သော Higgins သည်၂၀၁၁ ခုနှစ်ကသမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည်။ အိုင်ယာလန်နိုင်ငံ ဥပဒေများအရ သမ္မတသက်တမ်းတစ်ခုကို ၇ နှစ်အထိ ကြာမြင့်ပြီး အများဆုံး သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခွင့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.