Connect with us

Europe

ရုရှား နိုင်ငံ က ၁၉၈၁ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

ရုရှား နိုင်ငံ သမ္မတ ပူတင် က ရုရှား နိုင်ငံ အတွင်း ပြုလုပ်ခဲ့သည့် စစ်ရေး လေ့ကျင့်မှု တစ်ခု အား ကြည့်ရှုနေစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Sergey Shoygu က သြဂုတ်လ ၂၈ ရက် ၌ အလယ်ပိုင်း စစ်ဌာန သို့ သွားရောက် လေ့လာစဉ် အတွင်း မီဒီယာ များအား ရုရှား နိုင်ငံ အနေဖြင့် “အရှေ့တိုင်း-၂၀၁၈” စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်သွားမည် ဖြစ်ပြီး ယခု အကြိမ် စစ်ရေးလေ့ကျင့်မှု က ၁၉၈၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု “အနောက်တိုင်း-၈၁” နောက်ပိုင်း အကြီးမားဆုံး သော စစ်ရေးလေ့ကျင့်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Sergey Shoygu က စစ်ရေးလေ့ကျင့်မှု အား စက်တင်ဘာ ၁၁ ရက် မှ ၁၅ ရက် အထိ Siberia နှင့် Far East ဒေသ တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု တွင် တပ်ဖွဲ့ဝင် ၃ သိန်းကျော် ပါဝင်မည် ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ယာဉ် ၃၆,၀၀၀ စင်း နှင့် လေယာဉ်မျိုးစုံ ၁,၀၀၀ ကျော် ပါဝင် သွားမည် ဖြစ်ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု တွင် ရုရှား နိုင်ငံ စစ်ဌာန အသီးသီး တို့မှ ပါဝင် ကြမည် ဖြစ်ပြီး အချို့ လေ့ကျင့်မှု များတွင် တရုတ် နိုင်ငံ နှင့် မွန်ဂိုလီးယား နိုင်ငံ တို့ပါဝင်ကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ကြားရေး ဌာန ၏ ထုတ်ပြန်ချက်အရ တရုတ် နိုင်ငံ တပ်ဖွဲ့ဝင် များ အနေဖြင့် သြဂုတ်လကုန်ပိုင်း မှ စက်တင်ဘာ လလယ်ပိုင်း အထိ ရုရှား နိုင်ငံ သို့ သွားရောက်၍ “အရှေ့တိုင်း-၂၀၁၈” စစ်ရေးလေ့ကျင့်မှု တွင် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.