Europe
ဂျာမနီတွင် မြန်နှုန်းမြင့်ရထားလမ်းအနီး မီးလောင်မှုကြောင့် လူ ၄၀ဦး ဒဏ်ရာရရှိ
ဖရန့်ခ်ဖာ့တ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ အနောက်ပိုင်း Siegburg မြို့ရှိ မြန်နှုန်းမြင့် ရထားလမ်းအနီးတွင် သြဂုတ် ၇ ရက် က မီးလောင်ကျွမ်းမှုကြောင့် လူ ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မီးလောင်မှုသည် လေပြင်းများ၏ အကူအညီဖြင့် အနီးအနားရှိ လူနေဧရိယာသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူနေအိမ် ၈လုံး နှင့် လူ ၄၀ဦးခန့် ထိခိုက်ဒဏ်ရာခဲ့ပြီး ၆ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မီးသတ်သမားများ နှင့် ရဲတပ်ဖွဲ့ဝင်များ သည် သြဂုတ် ၇ ရက် ညနေပိုင်းတွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ညပိုင်းအထိ အခြေအနေကို စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။
Cologne မြို့ နှင့် Frankfurt မြို့ကို ဆက်သွယ်ပေးထားသော ICE ရထားလမ်း ၌ပြေးဆွဲမှုများကို ရပ်တန့်ထားပြီး ရထားချိန်နောက်ကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂျာမနီနိုင်ငံ တွင် နွေရာသီပူပြင်းခြောက်သွေ့မှုများသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ရထားမှ လွင့်စင်လာသည့် မီးပွားတစ်ခုကြောင့် မီးလောင်မှုစတင်ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ဂျာမနီသတင်းတစ်ခုကဖော်ပြခဲ့သော်လည်း ဖြစ်ပွားရခြင်းအကြောင်းရင်းအတိအကျကို မသိရှိရသေးကြောင်းသိရသည်။ (Xinhua)