Connect with us

Europe

ရုရှားတွင် ရေခဲတောင်ပြိုကျမှုကြောင့် ရုရှားတပ်ဖွဲ့ဝင် ၄ဦးသေဆုံး

ရုရှားနိုင်ငံ ရှိ Caucasus တောင်တန်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Caucasus တောင်တန်းများပေါ်တွင် ရေခဲပြိုကျမှုတစ်ခုဖြစ်ပွားရာ ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့ (Rosgvardia) မှ တပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကြောင်း Rosgvardia မှ ထုတ်ပြန်ချက်တစ်ခုကို ကိုးကား၍ Sputnik သတင်းဌာန က သြဂုတ် ၈ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ Kabardino-Balkaria တောင်တန်းဒေသတွင် ပုံမှန်လေ့ကျင်ရေးတစ်ခုပြုလုပ်နေစဉ် အတွင်း ရေခဲတောင်ပြိုကျမှုကြောင့် တပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကြောင်း ပါရှိသည်။

ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့ မှ အရာရှိများပါဝင်သော အုပ်စုတစ်ခုသည် အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ရုံးချုပ်မှထွက်ခွာသွားပြီး ရုပ်အလောင်းများ ပြန်လည်ရှာဖွေရေးလုပ်ငန်းအား ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.